Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ပျူစောထီးတစ်ဦးကို SRFဖမ်းမိ

​စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ပျူစောထီးတွေနဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ပျူစောထီးတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (Student’s Revolutionary Force – SRF)က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသော ပျူစောထီးနဲ့ သိမ်းဆည်းခဲ့တဲ့နင်းမိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-SRF

​မတ်-၁၈ ရက်၊၂၀၂၆။ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ပျူစောထီးတွေနဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ပျူစောထီးတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (Student’s Revolutionary Force – SRF)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ၁၈ရက် မနက် ၈နာရီခွဲခန့်က မင်းကင်းမြို့နယ်၊ မင်းရွာမှ ထွက်လာတဲ့ ပျူစောထီးအဖွဲ့နဲ့ ကင်းလှည့်နေတဲ့ SRF အဖွဲ့တို့ ပထမအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ထိတွေ့မှုအတွင်း မင်းရွာမှ ပျူစောထီးတစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းကို လက်ရဖမ်းဆီးရမိခဲ့တယ်လို့ SRF က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ၎င်းပျူစောထီးတွေ ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် မနက် ၁၀ နာရီခွဲခန့်မှာလည်း မင်းရွာနဲ့ အင်ကြင်းတောင်ရွာဘက်မှ ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါဝင်တဲ့ ပျူစောထီးစစ်ကြောင်းနဲ့ ဒုတိယအကြိမ် ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း SRF က အသိပေးပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပျူစောထီးတွေထဲက ၄ ဦးထက်မနည်း ထိခိုက်ပြီး ပြန်ဆုတ်ခွာသွားတယ်လို့ SRF ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ Student’s Revolutionary Force – SRF ကိုဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းကျေးရွာတဝိုက် အခြေအနေနဲ့ပတ်သက်ပြီး ​ဒေသခံတစ်ဦးက

“မြေပြင်ရော ဝေဟင်ရော သတိထားနေရတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက စစ်မျက်နှာအရပ်ရပ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေလို့ ဒေသခံပြည်သူတွေ သတိပြုသွားလာကြဖို့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။