Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ လက်နက် လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး တောင်းဆို

တရုတ်က မြန်မာ့ ပြည်တွင်းရေးမှာ ရန်လို တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းစေဖို့ အသံကောင်းဟစ် တောင်းဆိုရင်း စစ်ကောင်စီကို သွယ်ဝိုက် ထောက်ခံနေသလို ရုရှားကလည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ အားအထားဆုံး သံတမန်ရေးရာ မဟာမိတ်အဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်နေပါတယ်။

စစ်ကောင်စီရဲ့ လက်နက် လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး တောင်းဆို
စစ်ကောင်စီရဲ့ လက်နက် လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး တောင်းဆို

ပြည်သူလူထုအပေါ် ဖိနှိပ်အုပ်ချုပ်ပြီး ရက်စက်ကြမ်းကြတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာ စစ်အစိုးရရဲ့ ဝင်ငွေ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ စစ်လက်နက် တင်သွင်းမှုတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ပိုပြီး အင်တိုက်အားတိုက် ဖိအားပေးစေလိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ ဒီမိုကရေစီ အရပ်သား အစိုးရကို စစ်တပ်က တရားလက်မဲ့ ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ်နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံမှာ ထိခိုက် ကျဆင်းမှုတွေ ကြုံနေရပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေအပေါ် မခံမရပ်နိုင်လို့ လက်နက်ကိုင် တော်လှန်တဲ့ လှုပ်ရှားမှုတွေကလည်း နိုင်ငံအနှံ့မှာ ပိုမို အားကောင်းလာနေပါတယ်။

ကုလသမဂ္ဂက အာဏာသိမ်း စစ်ကောင်စီဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲထားပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်သွင်းတဲ့ အစီရင်ခံစာမှာတော့ နိုင်ငံကို သင့်တင့်လျောက်ပတ်ပြီး မျှတတဲ့ နည်းလမ်းမျိုးတွေနဲ့ ကိုင်တွယ် အုပ်ချုပ်နိုင်ခြင်း မရှိတဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာနဲ့ ပိုမိုကင်းကွာအောင် ဖိအားပေးဖို့ အကြံပြု တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေ ရရှိစေတဲ့ စီးပွားရေး ကွန်ရက်တွေကို ဖိအားပေး ဖြိုလှဲနိုင်အောင် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်သင့်ကြောင်းနဲ့ မြန်မာစစ်တပ်ဆီ လက်နက် တင်သွင်း ရောင်းချမှုတွေကို ပိတ်ပင်သင့်ကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်ကို စီးပွားရေးအရ ပိုပြီး အထီးကျန် မွန်းကျပ်လာအောင် ဖိအားပေးဖို့ မြန်မာပြည်သူတွေဆီက တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းဟာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားထည့် ကြိုးပမ်း ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒတွေကို အဓိက ကိုင်တွယ်နေတဲ့ ရုံးဌာနက ဆိုပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပ သမဂ္ဂတို့ဟာ မြန်မာ စစ်ကောင်စီအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် လုပ်ဆောင်ထားပေမယ့် အိမ်နီးချင်း နိုင်ငံတချို့က မြန်မာနဲ့ ကုန်သွယ်နေဆဲ ဖြစ်သလို စစ်ကောင်စီအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း မီးကျောက်တွေ တင်ပို့တဲ့ နိုင်ငံတွေလည်း ရှိနေဆဲပါ။

တရုတ်က မြန်မာ့ ပြည်တွင်းရေးမှာ ရန်လို တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းစေဖို့ အသံကောင်းဟစ် တောင်းဆိုရင်း စစ်ကောင်စီကို သွယ်ဝိုက် ထောက်ခံနေသလို ရုရှားကလည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ အားအထားဆုံး သံတမန်ရေးရာ မဟာမိတ်အဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်နေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာအရ ရုရှားဟာ မြန်မာစစ်တပ်အတွက် တိုက်လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ တင်ပို့ခဲ့ပြီး တရုတ်ကလည်း တိုက်လေယာဉ်နဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ ဆာဘီးယားက လက်နက်ကြီး ကျည်ဆန်တွေ ထောက်ပံ့ပေးနေပြီး အိန္ဒိယက အဝေးထိန်း စနစ်နဲ့ အသုံးပြုနိုင်တဲ့ လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ပေးအပ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။