Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် အုဖ္ဖိုလ်အိုင်ရွာမှ အရပ်သား ၁၀ဦးကို စစ်ကောင်စီတက် မီးရှို့သတ်ဖြတ်

တန့်ဆည်မြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်၍ စစ်ကောင်စီက အင်အားသုံးဖိနှိပ်နေခြင်းဟု ​ဒေသခံများက သုံးသပ်သည်။

တန့်ဆည်နယ်
တန့်ဆည်နယ်

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းနှင့် မြေပြင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကတန့်ဆည်မြို့နယ်၊ အုဖ္ဖိုလ်အိုင်ရွာမှ အရပ်သား ၁၀ဦးကို မီးရှို့သတ်ဖြတ်သွားသည်ဟု ဒေသခံများက ပြောသည်။

“ရွာထဲကို မနက်အစောကြီး ဝင်လာပြီး ရွာသားတွေကို ဖမ်းသွားတယ်။ ညနေသူတို့ ပြန်ထွက်သွားလို့ ဝင်ကြည့်တော့ အရပ်သားဆယ်ယောက်​တောင်သေနေတယ်ဗျာ။ မီးရှို့သတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အုဖ္ဖိုလ်အိုင်ရွာသို့ ဝင်လာသော စစ်ကြောင်းသည်တပ်မ(၃၃)လက်အောက်ခံ စစ်ကောင်စီတပ်ဖြစ် ပြီး အရပ်သား ၁၀ဦးကို မီးရှို့သတ်ဖြတ်သွားကာ အချို့ကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာTazeNewsက ယနေ့ ညနေ သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

တန့်ဆည်မြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်၍ စစ်ကောင်စီက အင်အားသုံးဖိနှိပ်နေခြင်းဟု ​ဒေသခံများက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်ကာ ပြည်သူ့ဘက်တော်သား နိုင်ငံ့ဝန် ထမ်းများဖြင့် ဌာနဆိုင်ရာလုပ်ငန်းများ လည်ပတ်လျှက်ရှိကြောင်းနှင့် စစ်ကောင်စီလက်အောက်ခံ ရုံးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဒေသခံ Non-CDM များအားလုံး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးအလင်းဝင်ကြရန်တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကစက်တင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။