Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက သတ်မှတ်နှုန်းဖြင့်မ​ရောင်း၍ဆိုကာ ​ငွေလဲ​ကောင်တာအချို့ကိုအ​ရေးယူ

လက်ရှိတွင်အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပြီး စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သာ သတ်မှတ်ထားသည်။

စစ်​ကောင်စီက ​ငွေလဲ​ကောင်တာများကို ဖိအားမျိုးစုံ​ပေး၍ ​ဈေးကွက်ကိုထိန်းချုပ်ရန်ကြိုးစား​နေသည်။ ဓါတ်ပုံ- ဆင်ဟွာ
စစ်​ကောင်စီက ​ငွေလဲ​ကောင်တာများကို ဖိအားမျိုးစုံ​ပေး၍ ​ဈေးကွက်ကိုထိန်းချုပ်ရန်ကြိုးစား​နေသည်။ ဓါတ်ပုံ- ဆင်ဟွာ

▪︎​စစ်​ကောင်စီသတ်မှတ်နှုန်းဖြင့်​ရောင်း​ပေး​သော​ကောင်တာမရှိဘဲယခုကဲသို့အ​ရေးယူခြင်းမှာ ကျပ်​ငွေတန်ဖိုးကျဆင်းခြင်းအ​ပေါ် ​​ငွေလဲကောင်တာများအ​ပေါ်အပစ်ပုံချမှုဟုလုပ်ငန်းရှင်များ​ပြော

​​ဒေါ်လာလဲနှုန်းကိုပြင်ပ​ဈေးထက်များစွာ​လျှော့ဖွင့်ထား​သောစစ်ကောင်စီ၏ ဗဟိုဘဏ်ကသတ်မှတ်ဈေးအတိုင်းမရောင်း၍ဟုဆိုကာ ငွေလဲကောင်တာအချို့အား လိုင်စင်ကိုသုံးလ ရပ်ဆိုင်းကြောင်း ယမန်နေ့(စက်တင်ဘာ ၁၆ )ကထုတ်ပြန်သည်။

စစ်​ကောင်စီ၏ ထုတ်ပြန်ချက်
စစ်​ကောင်စီ၏ ထုတ်ပြန်ချက်

ပြည်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ခန့်အထိစံချိန်တင်မြင့်တက်လာပြီးနောက် ငွေလဲကောင်တာအချို့ကို အပြစ်ပုံချ၍ စစ်ကောင်စီဗဟိုဘဏ်က ယခုကဲ့သို့ အရေးယူခြင်းဖြစ်​ကြောင်း​ငွေလဲ​ကောင်တာပိုင်ရှင်အချို့က​ပြောသည်။

“ဈေးကွက်ကို အာဏာနဲ့ထိန်းချုပ်ဖို့ ကြိုးစားတာ။ဈေးကွက်သဘောအရမို့ သူတို့က ခြိမ်းခြောက်တာက အလုပ်ဖြစ်မယ် မထင်ဘူး”ဟုငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း “စစ်ကောင်စီက ဗဟိုဘဏ်က ရှေ့နောက် မဆီလျှော်တာပါ။ သူတို့သတ်မှတ်တာ ၂၁၀၀ကျပ်ကို အမြင့်ဆုံး ၂၁၀၆ကျပ်ပဲရောင်းရမယ်သတ်မှတ်ထားတယ်။ ဒါပေ့မယ် သူတို့ ထုတ်ရောင်းတဲ့ ရွှေဒင်္ဂါးကျတော့ တစ်ဒေါ်လာ ၃၂၀၀နဲ့တွက်ရောင်းတယ်။ နောက်ပြီး သင်္ဘောသားလစာတွေကို တစ်ဒေါ်လာ ကျပ် ၃၀၀၀နဲ့ ဝယ်မယ်ဆိုတယ်။ သူတို့ကိုယ်တိုင်က အမိန့်တွေကို အမျိုးမျိုးထုတ်ပြီး သူတို့ဘဲ မလိုက်နာကြတာ၊ ဒါကို ငွေလဲကောင်တာတွေကို အပြစ်လွှဲချနေတာ”ဟုသုံးသပ်ပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ၏ ဗဟိုဘဏ်က ၁ ​ဒေါ်လာလျှင် ၂၁၀၀ ကျပ်သတ်မှတ်ထားပြီး ထိုနှုန်း၏ ၀ ဒသာမ ၃ ရာခိုင်နှုန်းသာအတိုးအ​လျှော့ ပြုလုပ် (၂၀၉၄ ကျပ် မှ ၂၁၀၆ ကျပ်အတွင်းသာ)​ရောင်းချခွင့်ပြုထားသည်။ ထို​ကြောင့်​ငွေလဲ​ကောင်တာများတွင် စစ်​ကောင်စီသတ်မှတ်​​​သောနှုန်းဖြင့် လာ​ရောင်းသူရှိလျှင်သာဝယ်ပြီး သတ်မှတ်​ပေးသာနှုန်းဖြင့်ပြန်​ရောင်း​​​​ပေး​သော ​ငွေလဲ​ကောင်တာမရှိ​ပေ ။

စစ်​ကောင်စီသတ်မှတ်နှုန်းဖြင့် ​ရောင်း​ပေး​သော​ငွေလဲ​ကောင်တာ မရှိပါဘဲစစ်ကောင်စီက Family Moe Paingကုမ္ပဏီက ဖွင့်လှစ်ထား​သော​ကောင်တာများသည် ညွန်ကြားချက်ကို မလိုက်နာဟုဆိုကာ ​ကောင်တာ ငါးခုအားစက်တင်ဘာ ၁၉ ရက်မှစ၍ လိုင်စင်ကို ၃ လ ရပ်ဆိုင်းသည်ဟု စစ်ကောင်စီဗဟိုဘဏ်ကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်တွင် ကျပ်ငွေတန်ဖိုး စံချိန်တွင် ကျဆင်းပြီး တစ်ဒေါ်လာကို ကျပ် ၅၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းတွင် ပြန်လည်ကျဆင်းခဲ့သည်။

လက်ရှိတွင်အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပြီး စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သာ သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook