Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံထောင် ကိုပြောင်းရွှေ့ခံရတဲ့ နိုင်ကျဉ်းတွေ ရိုက်နှက် နှိပ်စက်မှုတွေကို ကြုံတွေ့နေရ

နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားကာညှင်းပန်းနှိပ်သူတွေထဲ မြင်းခြံထောင်ပိုင်လေးဖြစ်တဲ့ ဝင်းကြိုင်(သုံးပွင့်)၊ ထောင်မှူးတွေဖြစ်တဲ့ မြတ်ကျော်သူ (နှစ်ပွင့်)၊ မောင်မောင်သိန်း(နှစ်ပွင့်)တို့ပါဝင်တယ်လို့သိရပါတယ်။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

မုံရွာထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ညှင်းပန်းနှိပ်စက်ခံရမှုတွေနေ့စဉ်ကြုံတွေ့နေရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒီနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။

ထောင်ပြောင်းခံလိုက်ရလိုက်တဲ့ နိုင်ကျဉ်းအချို့ဟာ ဆိုရင် သတိလစ်မေ့မြောတဲ့အထိ နှိပ်စက်ခံနေရတယ်လို့ဆိုထားပါတယ်။

မုံရွာထောင်ကနေ မြင်းခြံထောင်ကိုစတင်ပြောင်းရွှေ့တဲ့နေ့ကတည်းက ထောင်ဝါဒါတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကိုတန်းစီရိုက်နှက်တာ ၊ နံရိုးနဲ့ မျက်နှာတွေကို ကန်ကျောက်တာ စတဲ့ ရုပ်ပိုင်ဆိုင်ရာညှင်းပန်းနှိပ်စက်မှုတွေအပြင် တော်လှန်ရေးကိုဆဲဆိုပုံဖျက်တဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုတွေကို လုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီလို ရိုက်နှက် ညှင်းပန်းမှုတွေကြောင့် မုံရွာ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုဇင်မင်းထက်ဟာ သတိလစ်မေ့မြောနေတယ်လို့လည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားကာညှင်းပန်းနှိပ်သူတွေထဲ မြင်းခြံထောင်ပိုင်လေးဖြစ်တဲ့ ဝင်းကြိုင်(သုံးပွင့်)၊ ထောင်မှူးတွေဖြစ်တဲ့ မြတ်ကျော်သူ (နှစ်ပွင့်)၊ မောင်မောင်သိန်း(နှစ်ပွင့်)တို့ပါဝင်တယ်လို့သိရပါတယ်။

ညှင်းပန်းနှိပ်စက်မှုကိုအမိန့်ပေးသူ ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူ ထောင်အာဏာပိုင်တွေ ၊ထောင်ဝါဒါတွေ နဲ့ထောင်လက်ပါးစေတွေအားလုံးကိုအပြစ်ပေးအရေးယူနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း မုံရွာထောင်ကနေ နိုင်ကျဉ်း ၁၅၀ ကို မြင်းခြံထောင်နဲ့အိုးဘိုထောင်ဆီ ပြောင်းရွှေ့ခဲ့တာပါ။

ဒီလိုပြောင်းရွှေ့ခံရသူတွေထဲ မှာ မုံရွာသပိတ် ဦးဆောင်ကော်မတီမှာ ပါဝင်တဲ့ ဗကသ၊ တကသ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီး ပြစ်ဒဏ် ချခံထားရသူတွေအများစုပါဝင်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook