Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှ မြင်းခြံထောင်ပြောင်းလာသည့် နိုင်/ကျဉ်းများ နှိပ်စက်ညှင်းပန်းခံနေရ

မြင်းခြံထောင်သို့ ရောက်ရှိနေသည့် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇင်မင်းထက်မှာ ရိုက်နှက်နှိပ်စက်ခံရ၍ သတိလစ်မေ့မြေခဲ့သည်ဟု ဆိုသည်။

ဗကသရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီတို့ ဆန္ဒပြကန့်ကွက်ေနသည်ကို သြဂုတ်၁၈ရက်က ေတွ့ရစဥ်၊ ဓာတ်ပုံ - aamij
ဗကသရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီတို့ ဆန္ဒပြကန့်ကွက်ေနသည်ကို သြဂုတ်၁၈ရက်က ေတွ့ရစဥ်၊ ဓာတ်ပုံ - aamij

သတိလစ်မေ့မြောသည်အထိ ရိုက်နှက်ခံရမှုရှိဟု ထောင်နှင့်နီးစပ်သူပြော

မြင်းခြံအကျဥ်းထောင်သို့ ရောက်ရှိနေသည့် မုံရွာမှ နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင် အာဏာပိုင်များက ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက်ရှိပြီး သတိလစ်မေ့မြောသည်အထိ နှိပ်စက်ခံရသူရှိကြောင်း အကျဥ်းထောင်နှင့်နီးစပ်သူက ပြောသည်။

မြင်းခြံထောင်သို့ ရောက်ရှိနေသည့် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇင်မင်းထက်မှာ ရိုက်နှက်နှိပ်စက်ခံရ၍ သတိလစ်မေ့မြေခဲ့သည်ဟု ဆိုသည်။

အကျဉ်းထောင်အာဏာပိုင်များ၏ လက်ကိုင်တုတ်အကျဉ်းသားများက ထောင်ပုံစံထိုင်ခိုင်းခြင်းအပေါ် ကိုဇင်မင်းထက်က ထောင်ပုံစံ မထိုင်နိုင်၊ ဆံပင်မညှပ်နိုင်ဟု ငြင်းဆို တိုက်ပွဲဝင်သေ ာကြောင့် အကျဉ်းထောင်အာဏာပိုင်များ၏ လက်ကိုင်တုတ်အကျဉ်းသားများက ညှင်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများ ကိုယ်စားပြုကော်မတီတည်ထောင်သူ ကျောင်းသား ခေါင်းဆောင် CDM ကျောင်းဆရာ ကိုဇော်ရဲထွဋ်ကိုလည်း ထောင်မှူးအပါအဝင် ထောင်ဝါဒါများက ဝိုင်းဝန်း ရိုက်နှက်ခဲ့သည်ဟု ထောင်နှင့်နီးစပ်သူက ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံထောင်သို့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများ ဝင်ရောက်လာစဉ် ထောင်ဝါဒများက မုံရွာပြောင်း နိုင်ငံရေးအကျဉ်းသားများအား တန်းစီရိုက်နှက်ကာ ခေါင်းငုံခိုင်းခဲ့ကြောင်း၊ ထိုသို့ ခေါင်းငုံ့ခိုင်းသည်ကို ကိုဇော်ရဲထွဋ်က မငုံ့ချင်၍ ပြန်ပြောသည်ဟုဆိုကာ ထောင်မှူးအပါအဝင် ထောင်ဝါဒ ၁၅ဦးခန့်မှ နံပါတ်တုတ်များနှင့်ရိုက် လက်သီးဖြင့်ထိုးပြီး ညှင်းပန်းနှိပ်စက်ခဲ့ရာ နံရိုးနှင့် မျက်နှာများ၌ ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ထောင်နှင့်နီးစပ်သူက ပြောသည်။

မြင်းခြံထောင်တွင် လူ့ဂုဏ်သိက္ခာကျရန် ရည်ရွယ်သည့် အပြစ်ပေးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိကြောင်း ၊ နိုင်ငံရေးအကျဉ်းသားများအပေါ် ခွဲခြားဆက်ဆံမှုများ ၊ အလုပ်ကြမ်း အဓမ္မ ခိုင်းစေမှုများ ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။

“ နိုင်ကျဉ်းတွေကို ထောင်တွင်း နှိပ်စက်တာ အတော်များတယ်။ ဥပဒေလည်းမရှိသလို လူလည်းမဆန်တာမို့ ဝိုင်းဝန်း ဂရုစိုက်အလေးထားပေးစေချင်တယ်။ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေရောပေါ့”ဟု မြင်းခြံဒေသခံက ပြောသည်။

မကြာသေးမီကလည်း မကွေးမြို့ ဒေါင်းနေထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များက ဖိနှိပ်မှုများ ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ စသည့် နိုင်ငံရေးအကျဉ်း သားများအပေါ်ပြစ်မှတ်ထား ကျူးလွန်မှုများ ရှိနေသည်ဟု မကွေးထောင်နှင့်နီးစပ်သူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။