Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)၏ တိုက်ခိုက်မှုကြောင့်သုံးရက်အတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံး

ယင်းနေ့၌ပင် မထောနှင့်ခွေးသေရွာအကြား၌တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

(KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)
(KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏လက်ပါးစေ နယ်ခြားစောင့်တပ်(BGF) တပ်တို့အား ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တပ်မဟာ(၅)ကယနေ့ထုတ်ပြန်သည်။

စက်တင်ဘာ ၁၇ရက်မှ ၁၉ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို KNU တပ်မဟာ( ၅ )ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၉ရက်က စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့များအား ဝါးဒူး နှင့် သါ့ဂေါ်ပလေ အကြား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGFမှ ဗိုလ် အဆင့်ရှိသူ အပါအဝင် ၄ ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်းတံတား ၁စင်း၊ကားတစ်စီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယင်းနေ့၌ပင် မထောနှင့်ခွေးသေရွာအကြား၌တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၁၈ရက်နံနက်ကလည်း ဝါ့ကလေ့တူ ဒေသ၌ တစ်ကြိမ်၊ ထူမောဒဲရွာအနီး တစ်ကြိမ် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ယင်းတိုက်ပွဲ ၂ကြိမ်၌စစ်ကောင်

စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးဟု ဖော်ပြထားသည်။ ယင်းနေ့၌ပင်ဖာပွန် – ကမမောင်းလမ်းပေါ်ရှိ မိုင် (၄၀) တံတားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ကမမောင်းမြို့အနီးရှိ အုန်းတောလေဆိပ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။ ညနေပိုင်း၌ စစ်ကောင်စီတပ်၏ ခေါပုပ်စခန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ ယခင်နေ့များကလည်း ခေါပုပ်စခန်းကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့သည်။

စက်တင်ဘာ ၁၇ရက်က သွာ့ခို့လော် နှင့် ထီးလယ်ပူရွာ အကြား၌ တစ်ကြိမ်၊ ထီးလယ်ပူ ငှက်ပျောတော၌ ၁ကြိမ် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း တပ်မဟာ(၅) စစ်သည်တော်များ ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို