Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှားရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို ပယ်ဖျက်ဖို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ တောင်းဆို

ရုရှားရဲ့ ကျူးကျော်စစ်ကို တုံ့ပြန်ဖို့ စီမံနေရတာကြောင့် ဇီလန်စကီးဟာ နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့ မိန့်ခွန်းကို ဗီဒီယို ရိုက်ပြီး ပေးပို့ခဲ့ပါတယ်။

ကုလသမဂ္ဂ အနေနဲ့ ရုရှားရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို ပယ်ဖျက်ပေးသင့်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို တုံ့ပြန်ဖို့ စီမံနေရတာကြောင့် ဇီလန်စကီးဟာ နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့ မိန့်ခွန်းကို ဗီဒီယို ရိုက်ပြီး ပေးပို့ခဲ့ပါတယ်။

မိန့်ခွန်း အစမှာ ကတည်းက ဇီလန်စကီးက ရုရှား အစိုးရဟာ တရားလက်မဲ့ စစ်ပွဲကို အစပြုခဲ့ပြီး ဆိုးကျိုးအမြောက်အမြားကို ကြုံတွေ့စေခဲ့ကြောင်း အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။ ဒီအခြေအနေတွေအတွက် ရုရှားအပေါ် နိုင်ငံတကာက ဝိုင်းဝန်း ဒဏ်ခတ်ပေးကြဖို့လည်း ဇီလန်စကီးက တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ အနေနဲ့ ရုရှားရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်ခွင့်ကို ရုပ်သိမ်းတာ အပါအဝင် နိုင်ငံတကာ ဒဏ်ခတ်မှုတွေ လုပ်ဆောင်ပေးကြဖို့ ဇီလန်စကီးက ပန်ကြားသွားပါတယ်။ ယူကရိန်းအပေါ် ရုရှားက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ် မစီရင်ဘဲ လွှတ်ပေးလိုက်လို့ မဖြစ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။ သူဟာ မိန့်ခွန်း တစ်ခုလုံးမှာ ရုရှားကို ဒဏ်ခတ်ဖို့ဆိုတဲ့ ကိစ္စကို အကြိမ်ပေါင်း တစ်ဒါဇင်ကျော် ထပ်ကာထပ်ကာ ပြောသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂကို ပေးပို့တဲ့ မိန့်ခွန်း ဗီဒီယိုထဲမှာလည်း ဇီလန်စကီးဟာ စစ်ပွဲစပြီးနောက်ပိုင်း ပြောင်းလဲလိုက်တဲ့ သူ့ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံအတိုင်း စစ်ရောင် တီရှပ်ကိုသာ ဝတ်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ မိန့်ခွန်းအပြီးမှာ နိုင်ငံတကာ သံတမန် တချို့က မတ်တပ်ရပ်ပြီး လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီး ဩဘာပေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအချင်းချင်း ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုဟာ ကမ္ဘာ့ တည်ငြိမ်အေးချမ်းမှုကို အကြီးအကျယ် ထိခိုက်စေတယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။ ဒီအခြေအနေတွေအရ ရုရှားဟာ ကုလသမဂ္ဂမှာ မဲပေးခွင့်၊ ကိုယ်စားလှယ် စေလွှတ်ခွင့်တွေ ရုပ်သိမ်းပြီး ဗီတိုအာဏာ ပိုင်ဆိုင်မှုကိုပါ ပယ်ဖျက်သင့်နေကြောင်း ဇီလန်စကီးက တောင်းဆိုသွားပါတယ်။

နောက်ပြီး လောလောလတ်လတ် အနေနဲ့ ရုရှား အစိုးရက အရန်တပ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ အမိန့် ထုတ်ပြန်လိုက်တာကို ဇီလန်စကီးက ထောက်ပြပြီး ရုရှားဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လေးနက်တဲ့ ဆန္ဒမျိုး လုံးဝမရှိတာ ပေါ်လွင်စေတယ်လို့ ဝေဖန်သွားပါတယ်။ ပြီးတော့ ယူကရိန်းအတွက် စစ်လက်နက်တွေ ပိုမို ပေးပို့ ထောက်ပံ့ဖို့လည်း နိုင်ငံတကာ ခေါင်းဆောင်တွေကို သူက ပန်ကြားသွားပါတယ်။

ဇီလန်စကီးက ရုရှားဟာ တကျော့ပြန် အားမွေးနေပြီး ဆောင်းရာသီ ဝင်လာတာနဲ့ ယူကရိန်းကို နောက်တစ်ကြိမ် ထိုးစစ်စတင်ဦးမယ်လို့လည်း ခန့်မှန်းသွားပါတယ်။ သူက ရုရှား-ယူကရိန်း ပဋိပက္ခမှာ ကြားနေဝါဒ ကျင့်သုံးပါတယ်လို့ ကြေညာထားသူတွေကိုပါ ပြင်းပြင်းထန်ထန် ရှုတ်ချသွားပြီး လူသားတန်ဖိုးနဲ့ ငြိမ်းချမ်းရေးတွေအပေါ် ရန်ပြုခံနေရချိန်မှာ ကြားနေတယ်ဆိုတဲ့ အယူအဆက နိမ့်ပါးလွန်းနေကြောင်း ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။