Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်မှအုပ်ကြီးတစ်ဦးကိုPDFများရှင်းလင်း

“ရှင်းလင်းမှုအပြီးတွင် စစ်ကောင်စီခန့် အုပ်ကြီးထဲမှ M-22 သေနတ်တစ်လက်၊ကျည်ဘောက် (၃)ခု၊ (7.62)ကျည် (၃၇)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်”ဟု MBT က အသိ​ပေးသည်။

(စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးထံမံသိမ်းဆည်းရရှိ​သောလက်နက်နှင့်ကျည်များ ။ ။ဓါတ်ပုံ-MBT)
(စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးထံမံသိမ်းဆည်းရရှိ​သောလက်နက်နှင့်ကျည်များ ။ ။ဓါတ်ပုံ-MBT)

M22 သေနတ်တစ်လက်နက်နှင့် ကျည်ဘောက်များရရှိ

မန္တလေးတိုင်း တောင်သာမြို့နယ် လှည်းကူးမ ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်​ရေးမှူး ထွန်းအောင်ကျော်ဆိုသူအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Myingyan Black Tiger (MBT)က ယနေ့(စက်တင်ဘာ ၂၃)ထုတ်ပြန် သည်။

လက်နက်အားကိုးဖြင့် ပြည်သူများအားအနိုင်ကျင့်​ငွေတောင်းခြင်း၊ CDMများအား ခြိမ်းခြောက်ခြင်းများလုပ်ဆောင်နေပါသောကြောင့် စက်တင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် အဆိုပါအုပ်ကြီးကို သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ရှင်းလင်းမှုအပြီးတွင် စစ်ကောင်စီခန့် အုပ်ကြီးထဲမှ M-22 သေနတ်တစ်လက်၊ကျည်ဘောက် (၃)ခု၊ (7.62)ကျည် (၃၇)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်”ဟု MBT က အသိ​ပေးသည်။

အထက်ပါစစ်ဆင်ရေးကို Myingyan Black Tiger(MBT)၊ TTA ပြောက်ကျားတပ် (တောင်သာ)၊ The Value Of Young Man (တောင်သာ)၊ JKP 22 *Submachine Gun Production in Burma၊ Natogyi Regional Defence Force(မြေလတ်)စသည့် မဟာမိတ်တပ်ဖွဲ့များမှပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။