Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်မှအုပ်ကြီးတစ်ဦးကိုPDFများရှင်းလင်း

“ရှင်းလင်းမှုအပြီးတွင် စစ်ကောင်စီခန့် အုပ်ကြီးထဲမှ M-22 သေနတ်တစ်လက်၊ကျည်ဘောက် (၃)ခု၊ (7.62)ကျည် (၃၇)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်”ဟု MBT က အသိ​ပေးသည်။

(စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးထံမံသိမ်းဆည်းရရှိ​သောလက်နက်နှင့်ကျည်များ ။ ။ဓါတ်ပုံ-MBT)
(စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးထံမံသိမ်းဆည်းရရှိ​သောလက်နက်နှင့်ကျည်များ ။ ။ဓါတ်ပုံ-MBT)

M22 သေနတ်တစ်လက်နက်နှင့် ကျည်ဘောက်များရရှိ

မန္တလေးတိုင်း တောင်သာမြို့နယ် လှည်းကူးမ ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်​ရေးမှူး ထွန်းအောင်ကျော်ဆိုသူအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Myingyan Black Tiger (MBT)က ယနေ့(စက်တင်ဘာ ၂၃)ထုတ်ပြန် သည်။

လက်နက်အားကိုးဖြင့် ပြည်သူများအားအနိုင်ကျင့်​ငွေတောင်းခြင်း၊ CDMများအား ခြိမ်းခြောက်ခြင်းများလုပ်ဆောင်နေပါသောကြောင့် စက်တင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် အဆိုပါအုပ်ကြီးကို သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ရှင်းလင်းမှုအပြီးတွင် စစ်ကောင်စီခန့် အုပ်ကြီးထဲမှ M-22 သေနတ်တစ်လက်၊ကျည်ဘောက် (၃)ခု၊ (7.62)ကျည် (၃၇)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်”ဟု MBT က အသိ​ပေးသည်။

အထက်ပါစစ်ဆင်ရေးကို Myingyan Black Tiger(MBT)၊ TTA ပြောက်ကျားတပ် (တောင်သာ)၊ The Value Of Young Man (တောင်သာ)၊ JKP 22 *Submachine Gun Production in Burma၊ Natogyi Regional Defence Force(မြေလတ်)စသည့် မဟာမိတ်တပ်ဖွဲ့များမှပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား