Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာမည်ဆိုပါက ဖြစ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်သလိုထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း People’s Defence Force – South Monywaက အသိပေးထားသည်။

(မုံရွာ - မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ။ပုံအဟောင်းကို အသုံးပြုထားသည်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းများဖြင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာလ ၂၅ ရက်) မွန်းလွဲ ၂ နာရီ ၂၈ မိနစ်ခန့်က မုံရွာ – မန္တလေး လမ်းမကြီးပေါ် ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြားတွင် မန္တလေးမှ မုံရွာမြို့ဘက်သို့ လာသော စစ်ကောင်စီယာဥ် သုံးစီးအား ပဒေသာမိုင်း ၇လုံးခွဲကာ တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကာင်စီယာဥ်များအနက် နှစ်စီးမြောက် ယာဥ်မှာဘော်ဒီထိပြီး သုံးစီးမြောက်ယာဥ်မှာ ခေါင်းပိုင်းထိ၍ မှန်များကွဲကြေသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ထိခိုက်မှုများရှိကြောင်းသိရသည်ဟု PDF South-Monywa က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာ -မန္တလေးလမ်းမကြီးပေါ်၌ပင် ဂွေးပင်တောရွာနှင့် ရေပိုးစားရွာကြား၌ ပထမ မိုင်းဆွဲလိုက်သောပွိုင့်အား ဖြတ်လာသည့် စစ်ယာဥ်တန်းအား ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywaက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် သုံးစီးမြောက် ယာဥ်အား တည့်တည့်မတ်မတ်ထိကာ ရှေ့မဆက်နိုင်တော့ပဲ ထိုးရပ်သွားသည်ဟုဆိုပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ ထိခိုက်သူများပြားကြောင်း PDF South Monywaက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား People’s Defence Force – South Monywaနှင့်အတူ Monywa Ranger Group၊ Truth Army အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦး လမ်းပိုင်းအတွင်းတွင် စစ်ကောင်စီတပ်များ သွားလာနေ၍ မုံရွာ – ချောင်းဦး လမ်းပိုင်းကို ယခုအချိန်မှ ထပ်မံကြေညာချက်မထုတ်မီအချိန်အထိ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် People’s Defence Force – South Monywaက မေတ္တာရပ်ခံထားသည်။

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာမည်ဆိုပါက ဖြစ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်သလိုထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း People’s Defence Force – South Monywaက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။