Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

“စစ်ဆင်ရေးဆင်နွဲသည့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့များက ထိခိုက်မှုမရှိ ပြန်လည် ခွာစစ်ဆင်နိုင်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စကစ ထိခိုက်သေဆုံးမှုကိုမူ အတည် ပြု၍ မရနိုင်သေးပေ”ဟု တနင်္သာရီစစ်ဒေသခွဲက အသိပေးသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား နှစ်ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၆)ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုများကို ယနေ့နံနက် ၇ နာရီ ၁၈ မိနစ်တွင် မြိတ်မြို့ဘက်မှလာသော စစ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့များက တပိုကျေးရွာနီးတွင်တစ်ကြိမ်၊ ၇ နာရီ ၅၃ မိနစ်တွင် ကျောက်ပုဇွန်တောင်အနီးတွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“စစ်ဆင်ရေးဆင်နွဲသည့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့များက ထိခိုက်မှုမရှိ ပြန်လည် ခွာစစ်ဆင်နိုင်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စကစ ထိခိုက်သေဆုံးမှုကိုမူ အတည် ပြု၍ မရနိုင်သေးပေ”ဟု တနင်္သာရီစစ်ဒေသခွဲက အသိပေးသည်။

တနင်္သာရီတိုင်းအတွင်း နန်းထိုက်အောင်စစ်ဆင်ရေးကို ခတ်စိပ်စိပ်ဖော်ဆောင်လျှက်ရှိရာ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်ကိုတုတ် ဖက်စစ်တပ်၊ ပျူစောထီး၊ ၎င်းတို့နေထိုင်စခန်းချသော အဆောက်အအုံများနှင့် ခန့်ဝေးဝေးနေကြရန် အငိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။