Connect with us

Hi, what are you looking for?

သတင်း

စီးပွားရေးပညာရှင် ရှောင်တာနဲလ်အပေါ် ထောင်ဒဏ် ချမှတ်ခြင်းကို သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပယ်ချ၊ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို

ပါမောက္ခရှောင်တာနဲလ်သည် NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလဆန်းတွင် ဖမ်းဆီးခံခဲ့ရသည်။

ဓာတ်ပုံ - ရှောင်တာနဲလ်/ဖေ့စ်ဘွတ်ခ်
ဓာတ်ပုံ - ရှောင်တာနဲလ်/ဖေ့စ်ဘွတ်ခ်

▪️မြန်မာနိုင်ငံအတွက် ရှောင်တာနဲလ်လုပ်ဆောင်ပေးခဲ့သည်များကိုငဲ့ညှာကာ အိမ်ပြန်ခွင့်ပေးရန် ဇနီးဖြစ်သူ တောင်းဆို

သြစတြေးလျစီးပွားရေးပညာရှင်ရှောင်တာနဲလ်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းအပေါ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပြီး ချက်ချင်းပြန်လွှတ်ပေးရန်တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးတာ၀န်ခံနှင့် တာ၀န်ရှိသူများက တရားခွင်တက်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံတရားရုံးက တက်ရောက်ခွင့် မပေးခဲ့ပေ။

သြစတြေးလျအစိုးရသည် စစ်ကောင်စီက စီးပွားရေး ပညာရှင်ရှောင်တာနဲလ်ကို မတရားသဖြင့် ထိန်းသိမ်းထားသည့် ၁၈ လကျော်ကာလတလျှောက် ၎င်းအပေါ် စွဲဆိုထားသည့်အမှုမှန်သမျှကို အစဥ်တစိုက် ပယ်ချခဲ့ကြောင်လည်း ထုတ်ပြန်သည်။

ပါမောက္ခရှောင်တာနဲလ် သြစတြေးလျရှိ ၎င်း၏ မိသားစုထံ ပြန်မရောက်မချင်း အခွင့်အရေးတိုင်းကို ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ၎င်းအပေါ် ဒေသတွင်းအပါအဝင် နိုင်ငံတကာအသိုင်းအဝန်း၏ ခိုင်မာသည့် အားပေးထောက်ခံမှုများကို အသိအမှတ်ပြုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မစ္စတာရှောင်တာနဲလ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက်၊ မမောမပန်းအလုပ်လုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော် ထောက်ခံအားပေးသူထဲမှ တစ်ဦးဖြစ်ကြောင်း ရှောင်တာနဲလ်၏ ဇနီးဖြစ်သူ Ha Vu က ထုတ်ပြန် သည်။

မြန်မာနိုင်ငံအတွက် ရှောင်တာနဲလ်လုပ်ဆောင်ပေးခဲ့သည်များကို ငဲ့ညှာကာ ၎င်းအား သြစတြေးလျသို့ ပြန်ခွင့်ပေးရန်လည်း Ha Vu တောင်းဆိုသည်။

ပါမောက္ခရှောင်တာနဲလ်သည် NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလဆန်းတွင် ဖမ်းဆီးခံခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီသည် မစ္စတာရှောင်တာနဲလ်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မများဖြင့် စွဲဆိုထားပြီး ယနေ့အမိန့်ချမှတ်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း၊ ဝန်ကြီးဟောင်းဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့နှင့်အတူ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။