Connect with us

Hi, what are you looking for?

News

သြစတြေးလျ က မြန်မာနိုင်ငံအတွက်သံအမတ်ကြီးအဆင့်မခန့်အပ်တော့ဘဲ အဆင့်လျော့ချဆက်ဆံမယ်

သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ နိုင်ငံရဲ့အကျိုးစီးပွားတွေ ကာကွယ်နိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။

ဓာတ်ပုံ − AP

စစ်ကောင်စီကိုအသိအမှတ်ပြုမှုရှောင်ရှားဖို့အတွက် သြစတြးလျဟာ မြန်မာနိုင်မှာလစ်လပ်နေတဲ့ သံအမတ်ကြီးနေရာ အသစ်ခန့်အပ်တာမျိုးမလုပ်တော့ဘဲ အဆင့်လျော့ချဆက်ဆံသွားမယ်လို့ သြစတြေးလျ အခြေစိုက် ABC သတင်းဌာနက ဖော်ပြပါတယ်။

သြစတြေးလျအစိုးရဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးနေရာမှာ နိုင်ငံခြားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအကြီးတန်းအရာရှိတစ်ဦးကို ခန့်အပ်ဖို့ရွေးချယ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအစားထိုးခန့်အပ်ခံရတဲ့ ပုဂ္ဂိုလ် ဟာ မြန်မာနိုင်ငံကို ခရီးသွားလာခွင့်မရသေးပါဘူး။ အဲဒီပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ သံရုံးရဲ့အကြီးအကဲဖြစ်တာဝန်ယူမှာဖြစ်ပြီး သူရဲ့ကိုယ်စားလှယ်ခန့်အပ်လွှာကို စစ်ကောင်စီထံ ပေးအပ်မှာမဟုတ်ကြောင်း ABC သတင်းဌာနက ဆိုထားပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ နိုင်ငံရဲ့အကျိုးစီးပွားတွေ ကာကွယ်နိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။

Public Service Announcement

Public Service Announcement

NUG ရဲ့ သြစတြေးလျဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက စစ်ကောင်စီကို သံတမန်အဆင့်လျော့ချ ဆက်ဆံဖို့ဆုံးဖြတ်တဲ့ သြစတြေးလျရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုတဲ့အနေနဲ့ အနောက်နိုင်ငံတွေဟာ သံတမန်ရေးအရ အဆင့် လျော့ချဆက်ဆံတာတွေပြုလုပ်နေပါတယ်။

ဗြိတိန်နိုင်ငံကဆို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှာ သံအမတ်ကြီးအဆင့်ခန့်အပ်ထားသူကို သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းလဲခန့်အပ်တာရှိပါတယ်။

ဒီလို သံတမန်အဆင့်လျော့ချဆက်ဆံတဲ့အပေါ် စစ်ကောင်စီက တုံ့ပြန်တဲ့အနေနဲ့ အဲဒီ ဗြိတိန်သံအမတ် ရန်ကုန်ကနေ ပြည်ပကို ခရီးထွက်သွားပြီး ပြန်ဝင်ချိန်မှာတော့ ပြည်ဝင်ခွင့် ဗီဇာထုတ်မပေးတော့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက သူတို့အစိုးရကို တရားဝင်အသိအမှတ်မပြုဘူးလို့ ထုတ်ဖော်ပြောကြားတဲ့ နိုင်ငံတစ်နိုင်ငံမှ မရှိသေးကြောင်းနဲ့ နိုင်ငံအတွင်းမှာလည်း နိုင်ငံတကာသံရုံးတွေ ဆက်လက်ရှိနေဆဲလို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ စစ်ကောင်စီကို သံတမန်အဆင့်လျော့ချ ဆက်ဆံတာတွေရှိလာတဲ့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆို စစ်ကောင်စီကိုအသိအမှတ်မပြုကြောင်းနဲ့ NUG နဲ့ထိတွေ့ဆက်ဆံမယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုတာတွေရှိလာပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့...

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Trending

Facebook