Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်၌ စစ်ရှိန်မြင့်လာချိန် လက်နက်ခဲယမ်းလိုအပ်ချက်အတွက် အကူအညီတောင်းခံ

မြောင်နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား မြင်းမူနှင့် မြောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေရာ စက်တင်ဘာ ၂၅ရက်မှ စက်တင်ဘာ ၂၉ရက်အထိ စစ်ကောင်စီဘက်မှ ၁၁ဦးသေဆုံးပြီ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိထားသည်။

MBTT မှရဲဘော်ထက်ကြီး၏ စျာပနတွင် တွေ့ရသည် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအင်အားစုများ ၊ဓာတ်ပုံ - MBTT
MBTT မှရဲဘော်ထက်ကြီး၏ စျာပနတွင် တွေ့ရသည် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအင်အားစုများ ၊ဓာတ်ပုံ - MBTT

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က နေ့စဥ်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ မကြာခဏဖြစ်နေသောကြောင့် အရေးပေါ်လိုအပ်နေသော လက်နက်ခဲယမ်းများအတွက်ပြည်သူလူထုထံမှ အကူအညီရနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြိုးစားနေကြသည်။

“စစ်ကောင်စီတပ်က အင်အားတွေတိုးထားတယ်။ ပျူစောထီးတွေနဲ့အတူ ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ပြေးနေကြရတယ်။ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေလည်း နေ့စဥ်တိုက်ခိုက်နေကြရပြီး လက်နက်ခဲယမ်းတွေ လိုနေတယ်။ ပြည်သူတွေရဲ့ အကူအညီ လိုအပ်နေပါတယ်”ဟု မြောင်မြို့နယ်မှ မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ – MBTT ၏ တာဝန်ခံကပြောသည်။

အင်အား ၁၅၀ခန့်ရှိသော စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် အထိုင်ချထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာများကို နေ့စဥ် စစ်ကြောင်းထိုးနေသည်။ ထို့ကြောင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်နေကြသည်။

Public Service Announcement
Public Service Announcement

“တိုက်ပွဲတွေ ဆက်နေတာမို့ သေနတ်နဲ့ ကျည်ဆန်ဟာ အရေးပေါ် လိုအပ်နေတယ်။ အဲ့ဒီပြဿနာ တော်တော်ကြီးတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီရန်ကြောင့် ထွက်ပြေးနေရသော ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကိုပါ ဝိုင်းဝန်းဖြေရှင်းနေကြပြီး ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန်မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့- CDSOMက မေတ္တာရပ်ခံထားသည်။

ယခုကာလတွင် အရေးတကြီးလိုအပ်နေသော လက်နက်ခဲယမ်းအတွက်” သီတင်းကျွတ်‌ဗြောက် တူတူဖောက်စို့” အမည်ဖြင့် ပြည်သူလူထုအထောက်အပံ့ကိုယူကာ သေနတ်တစ်လက်ဝယ်ယူနိုင်ရေး ကမ်ပိန်းကို MBTTက ပြုလုပ်နေသည်။

သေနတ်တစ်လက်ဝယ်ယူရန် လိုအပ်သော ကျပ်သိန်း ၁၅၀ကို ပြည်သူလူထုက ဝိုင်းဝန်းထောက်ပံ့ပေးရန် MBTT အဖွဲ့တာဝန်ခံ ဗိုလ်တောက်ထွန်းက တောင်းဆိုသည်။

” မိုင်းဆွဲရုံ၊Drone missionsလုပ်ရုံနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ရပ်တန့်ဖို့အဆင်မပြေလာတဲ့အခါ ထိတွေ့တိုက်ပွဲတွေရင်ဆိုင်မှ ဖြစ်မယ် ဆိုတာ အားလုံးနားလည်လာကြပါတယ်။ အဲ့ဒီအတွက် မောင်းပြန် တွေဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုပါ။ ပြည်သူတွေမှာပြည်သူပဲရှိတာမို့ အားလုံးပဲ ကူညီပေးကြပါဦးလို့ ညှိုးငယ်စွာတောင်းဆိုပါရစေ” ဟု ဗိုလ်တောက်ထွန်းက ပြောသည်။

ဗိုလ်တောက်ထွန်းဦးဆောင်သည့် MBTTသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။

“သီတင်းကျွတ်‌ဗြောက် တူတူဖောက်စို့”ကမ်ပိန်းတွင် ပါဝင်ထောက်ပံ့လိုပါက MBTT ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/profile.php?id=100075721906388 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

စစ်ကောင်စီတပ်သည် မြောင်နယ်တွင် ဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်သည်။ ထို့အပြင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီရေယာဥ်အုပ်စုသည် ယနေ့(စက်တင်ဘာ ၃၀ရက်)တွင် ပရိမ္မကျေးရွာနား ရောက်လာပြီဖြစ်၍ မြစ်ကမ်းဘေးနေပြည်သူများ သတိပြုနေထိုင်ကြရန် MBTT က သတိပေး ထားသည်။

မြောင်နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား မြင်းမူနှင့် မြောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေရာ စက်တင်ဘာ ၂၅ရက်မှ စက်တင်ဘာ ၂၉ရက်အထိ စစ်ကောင်စီဘက်မှ ၁၁ဦးသေဆုံးပြီ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။ MBTT မှ ရဲဘော်ထက်ကြီးနှင့်Myaung Farmer အဖွဲ့မှ မြောင်ပြည်သူ့တပ်မတော် MUA ၏ ဒုတပ်စိပ်မှူး ဗိုလ်စနေတို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။