Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နှင့်ဝက်လက် ဒေသကာကွယ်ရေးအဖွဲ့များ ပြည်သူနှင့်ပူးပေါင်း၍ ရွာချင်းဆက်လမ်းခင်း

နယ်ချင်းထိဆက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များအားကောင်းရာ အရာတော်နှင့် ဝက်လက်မြို့နယ်များသည် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖျက်ဆီးသတ်ဖြတ်မှုများ မကြာခဏ ကြုံခဲ့ရသည်။

လမ်းပြုပြင်နေကြသော ဒေသကာကွယ်ရေးအဖွဲ့များနှင့် ရွာခံပြည်သူများ၊ ဓာတ်ပုံ-အရာတော် ပကဖ
လမ်းပြုပြင်နေကြသော ဒေသကာကွယ်ရေးအဖွဲ့များနှင့် ရွာခံပြည်သူများ၊ ဓာတ်ပုံ-အရာတော် ပကဖ

စစ်ကိုင်းတိုင်း၊ အရာတော်နှင့် ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပြီး ကျေးရွာချင်းဆက်လမ်းတစ်ခု ပြုပြင်ခဲ့သည်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နဂါးနီတပ်ဖွဲ့၊ ဝက်လက်နယ် ရွှေမင်းသားတပ်ဖွဲ့ တော်လှန် ရေးရဲဘော်များနှင့် ကျေးရွာပြည်သူလူထုပူးပေါင်းကာ ပြည်သူများ သွားလာရေးအဆင် ပြေစေရန်အတွက် ကျေးရွာချင်းဆက်လမ်းတစ်ခုအား ပေ ၃၀၀၀ခန့် ပြုပြင်ပြီးစီးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (အောက်တိုဘာ၂ ရက်)တွင် သတင်းထုတ်ပြန်သည်။

ပါဝင်အားဖြည့်ကူညီကြသော ပြည်သူလူထုနှင့် စားသောက်ဖွယ်များ ကျွေးမွေးကြသော ‌အလှူရှင်များအား အထူးကျေးဇူးတင်ရှိကြောင်း အရာတော်ပကဖအဖွဲ့က ရေးသားထားသည်။

နယ်ချင်းထိဆက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များအားကောင်းရာ အရာတော်နှင့် ဝက်လက်မြို့နယ်များသည် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖျက်ဆီးသတ်ဖြတ်မှုများ မကြာခဏ ကြုံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။