Connect with us

Hi, what are you looking for?

သတင်း

အရာတော်နှင့်ဝက်လက် ဒေသကာကွယ်ရေးအဖွဲ့များ ပြည်သူနှင့်ပူးပေါင်း၍ ရွာချင်းဆက်လမ်းခင်း

နယ်ချင်းထိဆက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များအားကောင်းရာ အရာတော်နှင့် ဝက်လက်မြို့နယ်များသည် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖျက်ဆီးသတ်ဖြတ်မှုများ မကြာခဏ ကြုံခဲ့ရသည်။

လမ်းပြုပြင်နေကြသော ဒေသကာကွယ်ရေးအဖွဲ့များနှင့် ရွာခံပြည်သူများ၊ ဓာတ်ပုံ-အရာတော် ပကဖ
လမ်းပြုပြင်နေကြသော ဒေသကာကွယ်ရေးအဖွဲ့များနှင့် ရွာခံပြည်သူများ၊ ဓာတ်ပုံ-အရာတော် ပကဖ

စစ်ကိုင်းတိုင်း၊ အရာတော်နှင့် ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပြီး ကျေးရွာချင်းဆက်လမ်းတစ်ခု ပြုပြင်ခဲ့သည်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နဂါးနီတပ်ဖွဲ့၊ ဝက်လက်နယ် ရွှေမင်းသားတပ်ဖွဲ့ တော်လှန် ရေးရဲဘော်များနှင့် ကျေးရွာပြည်သူလူထုပူးပေါင်းကာ ပြည်သူများ သွားလာရေးအဆင် ပြေစေရန်အတွက် ကျေးရွာချင်းဆက်လမ်းတစ်ခုအား ပေ ၃၀၀၀ခန့် ပြုပြင်ပြီးစီးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (အောက်တိုဘာ၂ ရက်)တွင် သတင်းထုတ်ပြန်သည်။

ပါဝင်အားဖြည့်ကူညီကြသော ပြည်သူလူထုနှင့် စားသောက်ဖွယ်များ ကျွေးမွေးကြသော ‌အလှူရှင်များအား အထူးကျေးဇူးတင်ရှိကြောင်း အရာတော်ပကဖအဖွဲ့က ရေးသားထားသည်။

နယ်ချင်းထိဆက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များအားကောင်းရာ အရာတော်နှင့် ဝက်လက်မြို့နယ်များသည် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖျက်ဆီးသတ်ဖြတ်မှုများ မကြာခဏ ကြုံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။