Connect with us

Hi, what are you looking for?

သတင်း

လာမည့်အာဆီယံထိပ်သီးညီလာခံတွင် မင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း အလှည့် ကျဥက္ကဌ ကမ္ဘောဒီးယား ကြေညာ

အလှည့်ကျဥက္ကဌကမ္ဘောဒီးယားသည် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်ကိုသာ တက်ရောက်ရန် ဖိတ်ကြားမည်ဟု ဆိုသည်။

ကိုးကား၊ဓာတ်ပုံ - phnompenhpost
ကိုးကား၊ဓာတ်ပုံ - phnompenhpost

လာမည့် အာဆီယံထိပ်သီးခေါင်းဆောင်များညီလာခံတွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားက ကြေညာလိုက်သည်။

လာမည့်နိုဝင်ဘာတွင် ဖနွမ်းပင်၌ အကြိမ် (၄၀)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ယင်းအစည်းအဝေးများသို့ တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sunry က ပြောသည်။

အလှည့်ကျဥက္ကဌကမ္ဘောဒီးယားသည် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်ကိုသာ တက်ရောက်ရန် ဖိတ်ကြားမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံကလွဲလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးဆီ အစည်းအဝေးဖိတ်စာတွေ ကျွန်တော်တို့ ပို့ထားပြီးပါပြီ။ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံရဲ့ဆွေးနွေးဖက်နိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီလည်း ပို့ထားပြီးပါပြီ။ မြန်မာကိုတော့ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုသာ စေလွှတ်ဖို့ ကျွန်တော်တို့အကြံပြုထားပါတယ်” ဟု Chum Sunry က ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၂၁ ဧပြီတွင် အာဆီယံခေါင်းဆောင်များချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို မင်းအောင်လှိုင်ခေါင်းဆောင်သာ အကြမ်းဖက်စစ်ကောင်စီက လိုက်နာ အကောင်အထည် ဖော်ခြင်းမရှိသဖြင့် ယင်းနောက်ပိုင်းကျင်းပသော အာဆီယံထိပ်သီးညီလာခံများသို့ အာဆီယံက မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးတော့ပေ။

ကိုးကား၊ဓာတ်ပုံ – phnompenhpost

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေးကြိုးစားပေးဖို့အာဂျင်တီးနားတရားရေးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း