Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဝင်ရောက်စစ်ဆေး၊ စစ်ရှောင်များ နေရပ်ပြန်ရန် ဖိအားပေး

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်(AA)နှင့် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့​သောယခုနှစ် ဩဂုတ်လမှစ၍ မြို့နယ်အများအပြားသို့ စစ်တပ်ကလက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုများပြုလုပ်​နေသည်။

(ရခိုင်ပြည်နယ်ရှိစစ်​ဘေး​ရှောင်စခန်းအချို့မှ ပြည်သူများ။ ဓါတ်ပုံ-BNA)
(ရခိုင်ပြည်နယ်ရှိစစ်​ဘေး​ရှောင်စခန်းအချို့မှ ပြည်သူများ။ ဓါတ်ပုံ-BNA)

▪︎ဒေသခံပြည်သူများအား လမ်းပမ်းဆက်သွယ်ရေး ဖြတ်တောက်ပြီး ရိက္ခာဖြတ်ထားသော်လည်း စစ်ကောင်စီတပ်က ရိက္ခာအလုံးအရင်းစုဆောင်းနေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်းက သေနတ်ပစ်ဖောက်ဝင်ရောက်စစ်ဆေးခဲ့ပြီး စစ်ရှောင်များ နေရပ်ပြန်ရန် ခြိမ်းခြောက်ဖိအားပေးပြောဆိုခဲ့သည်ဟု ရခိုင်ဒေသခံ တစ်ဦးက ပြောသည်။

“ဒီမှာ စစ်ရေးပြင်ဆင်မှုနဲ့ စစ်ရေးတင်းမာမှုကအမြဲတမ်းဖြစ်နေတယ်။ မနေ့ညကတော့ ဘူးသီးတောင်မှာရှိတဲ့ မြို့ပေါ်က စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်တပ်က သေနတ်ပစ်ပြီး ဝင်ပြီး စစ်ဘေးရှောင်တွေကို စစ်ဆေးတာ အတင်းနေရပ်ပြန်ခိုင်းတာ လုပ်ခိုင်းနေတယ်။ ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲဒီနေရာတွေက တကယ့် တိုက်ပွဲဖြစ်နေတဲ့နေရာတွေ။ တချို့နေရာတွေဆိုအခုထိရွာတောင်မရှိတော့ဘူး ရွာလုံးကျွတ်မီးရှို့ခံရတာ” ဟု ဒေသခံက People’s Spring သို့ ပြောသည်။

(ရခိုင်ပြည်နယ်ရှိစစ်​ဘေး​ရှောင်စခန်းအချို့မှ ပြည်သူများ။ ဓါတ်ပုံ-BNA)
(ရခိုင်ပြည်နယ်ရှိစစ်​ဘေး​ရှောင်စခန်းအချို့မှ ပြည်သူများ။ ဓါတ်ပုံ-BNA)

ရခိုင်သတင်းဌာန Border News Agency ၏ဖော်ပြချက်တွင် ​အောက်တိုဘာ ၃ ရက်ညပိုင်း (ယနေ့နံနက်အစော ၂နာရီခန့်)တွင် ဘူးသီးတောင်ရှိ ရန်အောင်မြေစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးခဲ့ရာ စစ်ရှောင်များ စိုးရိမ်ထိတ်လန့်မှုကြုံခဲ့ကြရသည်ဟုပါရှိသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်(AA)နှင့် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့​သောယခုနှစ် ဩဂုတ်လမှစ၍ မြို့နယ်အများအပြားသို့ စစ်တပ်ကလက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုများပြုလုပ်​နေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သူတို့က AAကို ထောက်ခံအားပေးနေတဲ့ ပြည်သူတွေကို ဒုက္ခပေးမယ်ဆိုတဲ့သဘော အဲဒီလိုဖြစ်နေတာ။ ကျွန်တော်မြင်တာကတော့ ဒီလမကုန်ခင်တိုက်ပွဲ ပိုပြီး ပြင်းထန်နိုင်တယ်။ အခုက ပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့လေ။ သူတို့က ရိက္ခာတွေ လက်နက်တွေစုနေတယ်။ မနေ့က ဘူးသီးတောင်စျေးမှာ ကားအကြီးတွေနဲ့လာပြီး ဆန်တွေ ရိက္ခာတွေ အများကြီး ဝယ်ကြတာ။ သူတို့ကို အပေါ်က ညွှန်ကြားထားတဲ့အတိုင်း ၃လစာ စားနပ်ရိက္ခာ စုဆောင်းထားပါဆိုတာ သူတို့က တကယ်လုပ်နေတယ်။ ဒေသခံ ပြည်သူတွေကို လမ်းတွေပိတ်ဆို့ထားတယ် စားနပ်ရိက္ခာ ဖြတ်တောက်ထားပေမယ့် သူတို့တပ်ဖွဲ့ဝင်မိသားစုတွေ ကျရင် အရပ်သားပြည်သူတွေ ရောင်းတဲ့စျေးကိုလာပြီး ရိက္ခာတွေကို အလုံးအရင်းနဲ့ ရသလောက်ဝယ်နေတာ။ သူတို့က ပိုက်ဆံရှိသလောက် ရသလောက်ဝယ်နေတာ” ဟု အခြားရခိုင်ဒေသခံတစ်ဦးကလည်းပြောသည်။

AA အနေဖြင့်လည်း စစ်ကောင်စီတပ်စခန်းများကို ရိက္ခာဖြတ်တောက်ခြင်း၊ တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပလက်၀၊ မောင်တော မြို့နယ်များအပါအဝင် ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။