Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်ပြည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ငြင်းဆိုခဲ့သည့် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာအဆက်ဆက်ကြောင့် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးသည်လည်း ဆိတ်သုဉ်းသွားပြီဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

တစ်နှစ်ပြည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့
တစ်နှစ်ပြည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့

စစ်အာဏာရှင်စနစ် တော်လှန်တိုက်ပွဲဝင်ပြီး အမျိုးသားလွတ်မြောက်ရေးနှင့် မြန်မာပြည်သူများ၏ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခြင်းသည် မြင့်မြတ်သောလုပ်ရပ်ဖြစ်သည်ဟု မိမိတို့ယုံကြည်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်းမှ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ ယနေ့ အောက်တိုဘာလ(၆)ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့လိုက်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ငြင်းဆိုခဲ့သည့် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာအဆက်ဆက်ကြောင့် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးသည်လည်း ဆိတ်သုဉ်းသွားပြီဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံးအခြေခံဥပဒေရှိနေသမျှ ကာလပတ်လုံး တိုင်းရင်းသားလူမျိုးများသည် စစ်ကျွန်စနစ်အောက်တွင် ဆက်လက်ဖိနှိပ်ခြင်း ခံနေရမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ပွဲဝင်ကာ အမျိုးလွတ်မြောက်ရေးနှင့် မြန်မာပြည်သူများ၏ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခြင်းသည် မြင့်မြတ်သောလုပ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာတွင်ပါရှိသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်းမှ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့နှင့် လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ခုခံစစ် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ (၁)နှစ်ပြည့်အထိမ်းအမှတ်နေ့တွင် တနင်္သာရီအမျိုးသားများပြည်နယ်အတွင်းရှိ လူငယ်များနှင့် ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအောင်မြင်ပါစေကြောင်း မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်းမှ သဝဏ်လွှာပေးပို့ပြီး ဆုမွန်ကောင်းတောင်းအပ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်းရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေမှာ လောင်းလုံမြို့နယ်ထဲက ကဒက်ငယ်ထိန်ကျေးရွာဟာထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တဲ့ကျေးရွာတွေမှာပါဝင်ပါတယ်။