Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ရေဦးလမ်းပိုင်း စစ်ကောင်စီတပ် လမ်းပိတ် ထား၍ ကားအစီးရေ ၁၀၀ကျော် ရက်တစ်ပတ်ကြာ ပိတ်မိနေ

စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်အား ဆက်သွယ်ရေး၊ အစားအသောက် ရိက္ခာ၊ကုန်ပစ္စည်း၊ လမ်းကြောဖြတ်တောက်ခြင်းပြုလုပ်နေသည်ဟု ဒေသခံများက ယူဆ​ကြသည်။

ခင်ဦးမြို့နယ်အတွင်း ပိတ်မိနေသော ယာဥ်များ၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ်အတွင်း ပိတ်မိနေသော ယာဥ်များ၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

▪️ခရီးသွားပြည်သူ ၃၀၀ ကျော် အခက်တွေ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘို – ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထား၍ ခင်ဦးမြို့နယ်အတွင်း ကားအစီးရေ ၁၀၀ကျော်မှာ ရက်တစ်ပတ်ကြာ ပိတ်မိနေပြီး ခရီးသွားပြည်သူ ၃၀၀ ကျော် အခက်အခဲတွေ့နေကြောင်း ဒေသခံများက ပြောသည်။

ရေဦး -ညောင်ပင်ကြီးစု- ညောင်ပင်သာ -ရွှေဘို ကားလမ်းပေါ်ရှိ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၃၀ ရက် ကစတင်ကာ သဲအိတ်များဖြင့် လမ်းမကြီးအား ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

ရေဦး- ရွှေဘို ကားများ ခင်ဦးမြို့နယ်အတွင်းပိတ်မိနေသည်မှာ တစ်ပတ်ရှိပြီဖြစ်ရာ ကုန်ကား၊ အိမ်စီးကား၊ ခရီးသွားလိုင်းကားအပါအဝင် ကားအစီးရေ ၁၂၇စီး၊ လူဦးရေ ၃၀၀ ကျော် ဒုက္ခရောက်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ရေဦး၊တန့်ဆည်၊ ကာဘိုးလမ်းဘက်က ကွင်းမောင်းနေကြတဲ့ခရီးသွားယာဉ်တွေကို ကားတစ်စီး တစ်သောင်းနှုန်းနဲ့ စစ်တပ်ကတောင်းရမ်းနေတယ်။ ရွှေလှန်ရွာရှေ့ ကုက္ကိုပင်အနီးမှာ စစ်ဆေးရေးလုပ်ပြီး တောင်းနေတာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်အတွင်း ပိတ်မိနေသော ယာဥ်များ၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ်အတွင်း ပိတ်မိနေသော ယာဥ်များ၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ထို့အပြင် ယမန်နေ့ (အောက်တိုဘာ ၅ ရက်)က ခင်ဦးမြို့နယ်နှင့် ရွှေဘိုသို့ဆက်သွယ်ထားသော ရွှေဘို၊ ခင်ဦး မဟာနန္ဒာ ကန်တော်လမ်း(OMCမူးဘောင်)တွင် ကန်တော်မှ သီးကုန်းကျေးရွာအထိ လမ်းတစ်လျှောက် တွေ့ရှိသောဆိုင်ကယ်အားလုံး အိမ်ရှေ့၊ဆိုင်ရှေ့ရပ်ထားသည့် ဆိုင်ကယ်ပါမကျန် အစီးရေ ၆၀ကျော်အား တစ်တန်ခွဲကား ၃စီးဖြင့် စစ်တပ်၊ ရဲနှင့်ပျူများက လာရောက်သိမ်းယူသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် လိုင်စင်ပါသောဆိုင်ကယ်များ ပြန်ရွေးလိုလျင် ၂သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းပြီး လိုင်စင် မပါသောဆိုင်ကယ်များအား အပြီးသိမ်းသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်အား ဆက်သွယ်ရေး၊ အစားအသောက် ရိက္ခာ၊ကုန်ပစ္စည်း၊ လမ်းကြောဖြတ်တောက်ခြင်းပြုလုပ်နေသည်ဟု ဒေသခံများက ယူဆ​ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။