စစ်အာဏာသိမ်းတာကို လက်မခံကြောင်း ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြလို့ ဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၄ ဦးဟာ အိုးဘိုထောင်ကနေ ဒီနေ့ ပြန်လွတ်မြောက်လာပြီလို့ မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းကနေသိရပါတယ်။
ပြန်လည်လွတ်မြောက်လာသူ ၄ဦးဟာ ကိုမင်းညီညီထွန်း၊ကိုပြည့်စုံအောင် ၊ ကိုရဲဝင်းထွန်းနဲ့ ကိုစောဥက္ကာမင်းတို့ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။
စစ်အာဏာသိမ်းတာကို လူထုလက်မခံကြဖို့ ၊ လက်နက်အားကိုးဝါဒကိုဆန့်ကျင်ဖို့ ၊ဒီမိုကရေစီကိုကာကွယ်ဖို့ လူထုကို ဆော်သြခဲ့ကြတဲ့ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲကို စစ်တပ်က ဝင်ဖမ်းခဲ့လို့ ကျောင်းသား ၄ ဦးဖမ်းခံခဲ့ရပါတယ်။ ဖမ်းခံရသူ ၄ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မတွေနဲ့ တရားစွဲကာ ထောင်ဒဏ် ၁ နှစ် နဲ့ ၉ လ ချခဲ့ပါတယ်။
ဒီနေ့မှာတော့ ပြစ်ဒဏ်စေ့ပြီလို့ အိုးဘိုထောင်ကနေ ပြန်လွတ်လာတာလည်းဖြစ်ပါတယ်။