Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ
အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ

စစ်အာဏာသိမ်းတာကို လက်မခံကြောင်း ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြလို့ ဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၄ ဦးဟာ အိုးဘိုထောင်ကနေ ဒီနေ့ ပြန်လွတ်မြောက်လာပြီလို့ မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

ပြန်လည်လွတ်မြောက်လာသူ ၄ဦးဟာ ကိုမင်းညီညီထွန်း၊ကိုပြည့်စုံအောင် ၊ ကိုရဲဝင်းထွန်းနဲ့ ကိုစောဥက္ကာမင်းတို့ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာသိမ်းတာကို လူထုလက်မခံကြဖို့ ၊ လက်နက်အားကိုးဝါဒကိုဆန့်ကျင်ဖို့ ၊ဒီမိုကရေစီကိုကာကွယ်ဖို့ လူထုကို ဆော်သြခဲ့ကြတဲ့ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆန္ဒပြပွဲကို စစ်တပ်က ဝင်ဖမ်းခဲ့လို့ ကျောင်းသား ၄ ဦးဖမ်းခံခဲ့ရပါတယ်။ ဖမ်းခံရသူ ၄ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မတွေနဲ့ တရားစွဲကာ ထောင်ဒဏ် ၁ နှစ် နဲ့ ၉ လ ချခဲ့ပါတယ်။

ဒီနေ့မှာတော့ ပြစ်ဒဏ်စေ့ပြီလို့ အိုးဘိုထောင်ကနေ ပြန်လွတ်လာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေမှာသေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ (UN)ရဲ့ တတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာ UN ကျွမ်းကျင် အရာရှိတွေကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ နိုင်ငံရေးပါတီတွေ ဦးဆောင်ပြီး လူပေါင်း ထောင်နဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ဒေလီက အိန္ဒိယ တရားရုံးချုပ်ဆီ ချီတက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်” ဒါဟာ အသက် ၃၄ နှစ်အရွယ် ကိုမင်းရဲ့ ဘဝတလျှောက် ယုံကြည်ခဲ့တဲ့ ရိုးရှင်းတဲ့အယူအဆတခု ဖြစ်ခဲ့ပါတယ်။