Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ
အာဏာသိမ်းမှု လက်မခံကြောင်း မန္တလေးမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းခံရသူ ကျောင်းသား ၄ ဦးပြန်လွတ်လာ

စစ်အာဏာသိမ်းတာကို လက်မခံကြောင်း ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြလို့ ဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၄ ဦးဟာ အိုးဘိုထောင်ကနေ ဒီနေ့ ပြန်လွတ်မြောက်လာပြီလို့ မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

ပြန်လည်လွတ်မြောက်လာသူ ၄ဦးဟာ ကိုမင်းညီညီထွန်း၊ကိုပြည့်စုံအောင် ၊ ကိုရဲဝင်းထွန်းနဲ့ ကိုစောဥက္ကာမင်းတို့ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာသိမ်းတာကို လူထုလက်မခံကြဖို့ ၊ လက်နက်အားကိုးဝါဒကိုဆန့်ကျင်ဖို့ ၊ဒီမိုကရေစီကိုကာကွယ်ဖို့ လူထုကို ဆော်သြခဲ့ကြတဲ့ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆန္ဒပြပွဲကို စစ်တပ်က ဝင်ဖမ်းခဲ့လို့ ကျောင်းသား ၄ ဦးဖမ်းခံခဲ့ရပါတယ်။ ဖမ်းခံရသူ ၄ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မတွေနဲ့ တရားစွဲကာ ထောင်ဒဏ် ၁ နှစ် နဲ့ ၉ လ ချခဲ့ပါတယ်။

ဒီနေ့မှာတော့ ပြစ်ဒဏ်စေ့ပြီလို့ အိုးဘိုထောင်ကနေ ပြန်လွတ်လာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

Facebook