Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အရှေ့ခြမ်း လေကြောင်းတိုက်ခိုက်မှုအတွင်း ရဲဘော်တစ်ဦးနှင့် ပြည်သူနှစ်ဦး သတ်ဖြတ်ခံရ

ကျဆုံးရဲဘော်၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ-Black Wolf
ကျဆုံးရဲဘော်၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ-Black Wolf

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း Black Wolf PDFအဖွဲ့ ရဲဘော်တစ်ဦးနှင့် ဒေသခံပြည်သူနှစ်ဦးကို သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ ၂ စီး၊ ရဟက်ယာဥ်လေးစီးဖြင့် ဝက်လက်မြို့နယ် ငါးပတ်ချောင်းကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကျဆုံးရဲဘော်၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ-Black Wolf
ကျဆုံးရဲဘော်၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ-Black Wolf

ဝင်ရောက်စီးနင်းမှုတွင် ပိတ်မိခဲ့သော ရွာသူ၊ရွာသားများအား မဟာမိတ်များနှင့် ပူးပေါင်းကာ ကယ်ထုတ်ခဲ့ကြောင်း၊ ထိုသို့ကယ်ထုတ်နေစဥ်အတွင်း ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီစစ်ကြောင်းနှင့်ထိပ်တိုက်တွေ့ခဲ့ရာ တိုက်ခိုက်၍မရသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း Black Wolf PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာမှု၊ လေကြောင်း အသုံးပြုမှုများကြောင့် အဖွဲ့သားများ ပြန်လည်ဆုတ်ခွာခဲ့ရာ ရဲဘော် ( BW SNIPER )နှင့် အဆက်သွယ်ပြတ်တောက်သွားခဲ့ရကြောင်း Black Wolf PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲဘော် (BW SNIPER) အား BLACK WOLF – PDF အဖွဲ့သားများ ပြန်လည်စုစည်းပြီး တောနင်းရှာဖွေကြရာ အောက်တိုဘာ ၉ ရက် နံနက် ၇ နာရီတွင် ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည်ကို တွေ့ခဲ့ကြောင်း Black Wolf PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျဆုံးရဲဘော်နှင့်အတူ ဒေသခံပြည်သူနှစ်ဦးပါ သတ်ဖြတ်ခံခဲ့ရကြောင်း Black Wolf PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကျဆုံးရဲဘော်၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ-Black Wolf
ကျဆုံးရဲဘော်၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ-Black Wolf

” အဲ့ဒီနေ့က စခတွေက လေကြောင်းကနေ ပစ်လည်းပစ်။ အင်အားလည်းချပြီး မြေပြင်ကပါ တိုက်တာ။ ပိတ်မိနေတဲ့ အရပ်သားတွေကို ပြည်သူ့ရဲဘော်‌တွေက ကယ်ထုတ်ခဲ့ကြတယ်။ လက်နက်အင်အားမမျှတော့ ကျွန်တော်တို့ အထိအခိုက်ရှိခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

SIG CROSS SNIPER တစ်လတ် ဆုံးရှုံးခဲ့ရကြောင်း Black Wolf Pdf က အသိပေးသည်။

ထို့အပြင် အဆိုပါနေ့က ရဲဘော် ၈ ဦးထက်မနည်းကျဆုံးခဲ့ပြီး လက်နက်များပါသိမ်းဆည်းခံခဲ့ရကြောင်း၊ Black Wolf Pdf အဖွဲ့အပါအဝင် အခြားအဖွဲ့များလည်း ရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။