စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် တိုက်ပွဲအခြေအနေများကြောင့် စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်းလမ်းပိုင်းအား သွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။
တိုက်ပွဲအခြေအနေများကြောင့် ပြည်သူများအနေဖြင့် ခရိုင်ချင်းဆက် အမှတ်(၃)လမ်း(စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်းလမ်း) အားအသုံးမပြုပါရန် ယနေ့ (အောက်တိုဘာ ၁၁ ရက်)နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံသည်။
အရေးပေါ် အခြေနေမှလွဲ၍ လမ်းအသုံးပြုမှုကိုယာယီရပ်ဆိုင်းထားရန်နှင့် သွားလာမည်ဆိုပါက နီးစပ်ရာအဖွဲ့များဖြင့် ချိတ်ဆက်သွားလာကြရန်ဝက်လက်နယ်အခြေစိုက် GZ Special Task Force-Wetletက သတိပေးသည်။
“အခြေအနေက အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အနေအထားပါ။”ဟု ဝက်လက်နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement
အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက ဝက်လက် မြို့နယ်အရှေ့ခြမ်း ဘုရားလေးကုန်းကျေးရွာအနီးတဝိုက်အား စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခဲ့၍ ဒေသကာကွယ်အဖွဲ့ဝင် ရှစ်ဦးထက်မနည်းသေဆုံးပြီး ပြည်သူအချို့လည်း သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။


















































