Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုရှိ

အောက်တိုဘာ ၉ရက် မွန်းလွဲ ၁၂ နာရီ ၂၅မိနစ်ခန့်ကလည်း မြင်းခြံ – နဘူးအိုင်လမ်း၌ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း Myingyan 35 အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းစကာလက မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
စစ်တပ်အာဏာသိမ်းစကာလက မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းမှ စစ်သားအများဆုံးပါသော ယာဥ်အားရွေးချယ်ပြီး မိုင်းဆွဲတိုက်ခို​က်ရာ တစ်စီးလမ်းဘေးထိုးကျပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်- NYSGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ၏ ၅စီးပါ ယာဥ်တန်းအား ငါန်းမြာ-ငါန်းဇွန် ကားလမ်းမပေါ် နတ်ကြီးရွာနှင့် ကုန်းလည်ရွာကြားအရောက်၌ စစ်ကောင်စီတပ်သားအများဆုံးပါသော ယာဥ်အားရွေးပြီး ပဒေသာမိုင်း (၇)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယာဥ်နှစ်စီး တည့်တည့်ထိမှန်ခဲ့ပြီး တစ်စီးမှာ လမ်းဘေးသို့ ထိုးကျပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားခဲ့ကြောင်း 27 Revolution Force က ပြောသည်။

ထို့အပြင် ပြောက်ကျားရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် (၆) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁) 27 Revolution Force မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ဆီမီးခုံ-ငါန်းဇွန်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး စခတွေက ဘေးဝန်းကျင်ရမ်းပစ်ခဲ့တယ်။ ပြီးတော့ ရှေ့ဆက်မသွားရဲတော့ဘဲ နီးရာသားကျင်ရွာကစာသင်ကျောင်းမှာ ညအိပ်နေခဲ့တယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၉ရက် မွန်းလွဲ ၁၂ နာရီ ၂၅မိနစ်ခန့်ကလည်း မြင်းခြံ – နဘူးအိုင်လမ်း၌ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း Myingyan 35 အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။