Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် တစ်ညတည်း လုယက်သတ်ဖြတ်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသားနှစ်ဦးသေဆုံး

သေဆုံးသူမှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား အကွက်(၁၀)တွင် နေထိုင်သူ အသက်(၄၈)နှစ်အရွယ် ကိုစံထွန်းဝင်းဆိုသူဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

ဓားထိုးခံရ၍ သေဆုံးသွားသည့်လူငယ်နှင့် ဒဏ်ရာရသူအား တွေ့ရစဥ်၊ဓာတ်ပုံ - Cj
ဓားထိုးခံရ၍ သေဆုံးသွားသည့်လူငယ်နှင့် ဒဏ်ရာရသူအား တွေ့ရစဥ်၊ဓာတ်ပုံ - Cj

မန္တလေးမြို့ပေါ်တွင် တစ်ညတည်းလုယက်သတ်ဖြတ်မှုနှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၀ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က မန္တလေးမြို့ (၆၂)လမ်း၊ (၁၆)လမ်းနှင့် (၁၇)လမ်းကြားတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်နှင့်ဖုန်းအလု​ခံခဲ့ရပြီး ၎င်းအမျိုးသားမှာ ဘယ်နားထင်နောက်တွင် ထိုးသွင်းဒဏ်ရာဖြင့် သွေးထွက်လွန်သေဆုံးသွားခဲ့ကြောင်း မန္တလေးမြို့ လူမှုကူညီရေးအသင်းများက ပြောသည်။

သေဆုံးသူမှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား အကွက်(၁၀)တွင် နေထိုင်သူ အသက်(၄၈)နှစ်အရွယ် ကိုစံထွန်းဝင်းဆိုသူဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

ထိုနေ့ ည ၁၂ နာရီ ၅၅ မိနစ်ခန့်ကလည်း မန္တလေးတောင်ခြေ၌ ကျောက်တော်ကြီးဘုရားပွဲကျင်းပနေချိန် ဘိုးဘိုးကြီးနန်းရှေ့တွင် ဓါးထိုးမှုဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာနေ အသက်(၁၆)နှစ်အရွယ် မောင်ရဲထက်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ညထွက်ရင်သတိလေးထားပြီး သွားလာကြပါ။ လုယက်တဲ့သူတွေက ခေါင်းကိုတစ်ချက်တည်းအသေရိုက်တာပါ။ ကိုယ်တွေ့ပါ။ ကံကောင်းလို့မသေပါဘူး။ ဆိုင်ကယ်တော့ပါသွားတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်တွင် ခိုးဆိုးလုယက် သတ်ဖြတ်မှုဖြစ်စဥ်များ ပိုမိုဖြစ်ပွားလာပြီး နေ့ရောညပါ သတိထားသွားလာနေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။