Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင် တစ်ညတည်း လုယက်သတ်ဖြတ်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသားနှစ်ဦးသေဆုံး

သေဆုံးသူမှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား အကွက်(၁၀)တွင် နေထိုင်သူ အသက်(၄၈)နှစ်အရွယ် ကိုစံထွန်းဝင်းဆိုသူဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

ဓားထိုးခံရ၍ သေဆုံးသွားသည့်လူငယ်နှင့် ဒဏ်ရာရသူအား တွေ့ရစဥ်၊ဓာတ်ပုံ - Cj
ဓားထိုးခံရ၍ သေဆုံးသွားသည့်လူငယ်နှင့် ဒဏ်ရာရသူအား တွေ့ရစဥ်၊ဓာတ်ပုံ - Cj

မန္တလေးမြို့ပေါ်တွင် တစ်ညတည်းလုယက်သတ်ဖြတ်မှုနှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၀ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က မန္တလေးမြို့ (၆၂)လမ်း၊ (၁၆)လမ်းနှင့် (၁၇)လမ်းကြားတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်နှင့်ဖုန်းအလု​ခံခဲ့ရပြီး ၎င်းအမျိုးသားမှာ ဘယ်နားထင်နောက်တွင် ထိုးသွင်းဒဏ်ရာဖြင့် သွေးထွက်လွန်သေဆုံးသွားခဲ့ကြောင်း မန္တလေးမြို့ လူမှုကူညီရေးအသင်းများက ပြောသည်။

သေဆုံးသူမှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား အကွက်(၁၀)တွင် နေထိုင်သူ အသက်(၄၈)နှစ်အရွယ် ကိုစံထွန်းဝင်းဆိုသူဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

ထိုနေ့ ည ၁၂ နာရီ ၅၅ မိနစ်ခန့်ကလည်း မန္တလေးတောင်ခြေ၌ ကျောက်တော်ကြီးဘုရားပွဲကျင်းပနေချိန် ဘိုးဘိုးကြီးနန်းရှေ့တွင် ဓါးထိုးမှုဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာနေ အသက်(၁၆)နှစ်အရွယ် မောင်ရဲထက်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ညထွက်ရင်သတိလေးထားပြီး သွားလာကြပါ။ လုယက်တဲ့သူတွေက ခေါင်းကိုတစ်ချက်တည်းအသေရိုက်တာပါ။ ကိုယ်တွေ့ပါ။ ကံကောင်းလို့မသေပါဘူး။ ဆိုင်ကယ်တော့ပါသွားတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်တွင် ခိုးဆိုးလုယက် သတ်ဖြတ်မှုဖြစ်စဥ်များ ပိုမိုဖြစ်ပွားလာပြီး နေ့ရောညပါ သတိထားသွားလာနေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။