Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး – ပခုက္ကူလမ်းရှိ ရွာများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရ

စစ်ကောင်စီတပ်သည် ချောင်းဦးနယ်ကို အရှိန်မြှင့်စစ်ကြောင်းထိုးလာနိုင်၍ ဒေသခံများ အထူးဂရုစိုက်နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ချောင်းဦးမြို့အတွင်း၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားတချို့ ၊ဓာတ်ပုံ - CJ
ချောင်းဦးမြို့အတွင်း၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားတချို့ ၊ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး – ပခုက္ကူ လမ်းမဘေးရှိ ကျေးရွာများအား စစ်ကောင် စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်၍ ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းက မှန်ချိုကျေးရွာ၌ စခန်းချထားသည့်စစ်ကောင်စီတပ်သည် ရွာအရှေ့ပိုင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ရွာဝန်းကျင် ထွက်ပြေးနေရသည့် ဒေသခံပြည်သူများအား လိုက်လံရှာဖွေကာ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ အထိနာသွားသည့်စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့နေပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်များက ပြောသည်။

“ရွာပြင်က ပဲစင်းငုံခင်းထဲမှာ ဝပ်နေတုန်း ဒရုန်းနဲ့ ချလိုက်တာ ဒီကောင်တွေ ထိသွားတယ်။ အဲဒီကနေစပြီး ရွာထဲကို လက်နက်ကြီးနဲ့ပစ်တယ်။ အန်တီကြီးတစ်ယောက် ၆၀မမ ကျည်ထိသွားတယ်”ဟု လက်ရှိ မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ၎င်းတို့က ဆက်လက်စစ်ကြောင်းထိုးရင်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ဆင်မြေကျေးရွာနေ အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိထားကာ စိုးရိမ်ရသည်ဟု ဆိုသည်။

“ဆင်​မြေပေါ် လက်နက်ကြီးကျတယ် ကြားတယ်။ ရွာ​မြောက်ပိုင်းကတဲ့။ ဖုန်းလိုင်းတချို့လည်း ဖြတ်ထားတာလားမသိဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆင်မြေကျေးရွာအနီးတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီးနောက် နေ့လည် ၁၂နာရီကျော်ခန့်က မထိသာကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

မှန်ချို၊ ဆင်မြေ၊ မထိသာနှင့် ငါးလုံးတင် စသည့်ရွာများမှ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ပျက်စီးဆုံးရှုံးမှုအခြေအနေမှာ မသိရသေးဟု ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် သြဂုတ်လအထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အိမ်ပေါင်း ၂၀၁၅၃ မီးလောင်ပျက်စီးခဲ့ပြီး ယခုနှစ် ဧပြီလမှ ဇွန်လအတွင်းအများဆုံးဖြစ်ကာ အိမ်ပေါင်း ၁၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် ချောင်းဦးနယ်ကို အရှိန်မြှင့်စစ်ကြောင်းထိုးလာနိုင်၍ ဒေသခံများ အထူးဂရုစိုက်နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook