Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် PDFကင်းစခန်းတစ်ခု စီးနင်းခံရ၍ မြို့ပေါ်စစ်ကောင်စီစခန်းကို ပြန်တိုက်

ဘုတလင်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ.၁၃ ရက်ကလည်း PDFစခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ် ဦး ကျဆုံးခဲ့သေးသည်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး BDL-PDF တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်၊ဓာတ်ပုံ- Bdl-PDF
ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး BDL-PDF တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်၊ဓာတ်ပုံ- Bdl-PDF

▪️ဖြစ်စဥ်နှစ်ခုတွင် PDF ရဲဘော်သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် ယမန်နေ့က PDF ကင်းစခန်းတစ်ခု စီးနင်းခံရပြီးနောက် စစ်ကောင်စီတပ်အခြေချရာ မြို့ပေါ်စခန်းတစ်ခုကို တန်​​ပြန်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myanmar Defense Forceအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၅ရက်) နံနက် ၄နာရီ ၄၅ မိနစ်ခန့်က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် MDF -ဘုတလင်တပ်ခွဲ၏ ကင်းတဲတစ်ခုအား အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် MDF-Special Force အဖွဲ့ဝင် ရဲဘော် ကိုဝေယံဦးနှင့် MDF-ဘုတလင် ရဲဘော် ကိုဖြိုးကိုကိုအောင်တို့ နှစ်ဦးမှာ ကျန်ရဲဘော်များ ဆုတ်ခွာနိုင်ရန် အသက်အသေခံ၍ ကာ ပစ်ပေးရင်း ကျဆုံးခဲ့ရကြောင်း Myanmar Defense Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနက်ပိုင်းက သူတို့ဝင်ပစ်တဲ့အချိန်မှာပဲ ကျန်တဲ့ရဲဘော်တွေက ခံပစ်ပေးတယ်။ ရွာထဲမှာရှိတဲ့ပြည်သူတွေ ပြန်ဆုတ်ချိန်ရောက်အောင် ခံပစ်ပေးတဲ့အချိန်မှာပဲ ရဲဘော် သုံးယောက် ဒဏ်ရာရတယ်။ နှစ်ယောက် ကျတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ညကလည်း မြို့ထဲ ဘုတလင်စခန်းကို ဝင်ပစ်သေးတယ်။ ဝင်ပစ်တဲ့အချိန်မှာပဲ Local PDFဘက်က ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ပြီး ကျသွားတယ်။ ​ွေးတွေဘက်က အကျအဆုံး အတိအကျမသိရသေးပေမယ့် အကျအဆုံးရှိတယ်လို့ သိရပါတယ်။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ဘုတလင်စခန်းကို မြို့နယ် (ပကဖ)၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ကနီအဖွဲ့၊ MDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MDF အဖွဲ့က ပြောသည်။

ဘုတလင်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ.၁၃ ရက်ကလည်း PDFစခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ် ဦး ကျဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

Facebook