Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်၌ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် အထိနာ

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်)က ခမရ(၃၆၈)မှ အင်အား ၁၀၀ကျော်ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် တန့်ဆည်နယ် ရွာသစ်ကျေးရွာဘက်သို့ ထွက်လာခဲ့သည်။

အသုံးပြုပစ်ခတ်ခဲ့သောရှော့ဒုန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)
အသုံးပြုပစ်ခတ်ခဲ့သောရှော့ဒုန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးအဖွဲ့များ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အထိနာသွားကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်)က ခမရ(၃၆၈)မှ အင်အား ၁၀၀ကျော်ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် တန့်ဆည်နယ် ရွာသစ်ကျေးရွာဘက်သို့ ထွက်လာခဲ့သည်။

ထို့နောက် ရွာအဝင်တွင် ပကဖအဖွဲ့က တိုက်မိုင်း ၂လုံးဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အပြန် အလှန်ပစ်ခတ်မှုလည်းရှိခဲ့ကြောင်း တန့်ဆည် (ပကဖ) အဖွဲ့က အသိပေးသည်။

ယနေ့ (အောက်တိုဘာ ၁၆ရက်) နံနက် ၇နာရီခွဲတွင် ဝရငယ်ရွာအနောက် မူးဘောင်တံတား၌ စစ်ကောင်စီတပ်များဖြတ်သန်းလာချိန် KPKအဖွဲ့ထောင်ထားသည့် တိုက်မိုင်းမိခဲ့ကြောင်း၊ ထို့နောက် မူးဘောင်အနောက် ဖက်၌ ပထမကြိမ်ထိတွေ့မှုဖြစ်ပွားခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ် သည် အနောက်မြောက်ဘက် ချောင်းဦးရွာသို့ ဦးတည်လာပြီး ရွာအဝင်တွင် ဒုတိယကြိမ် ထိတွေ့မှုဖြစ်ခဲ့ရာ ရှော့ဒုန်းများဖြင့်လည်း ပစ်ခတ်နိုင်ခဲ့သည်ဟု တန့်ဆည်(ပကဖ)အဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးနိုင် ခြေရှိကြောင်း၊ ထိတွေ့တိုက်ပွဲနှစ်ကြိမ်ကို တန့်ဆည် (ပကဖ)၊ တပ်ရင်း -၆၊တပ်ရင်း – ၂၅(TPC)တို့မှ ပူးပေါက်တိုက်ခိုက်ခဲ့ပြီး တပ်ရင်း(၁၀)မှ ရှော့ဒုန်းဖြင့် ပစ်ခတ်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အောက်တိုဘာ ၈ ရက်က တန့်ဆည်နယ်တွင် စစ်ကောင်စီတ​ပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော် ၇ဦးကျဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။