Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကြောင့် ချင်းတိုင်းရင်းသားသေဆုံးဦးရေ ၁၀၈ ဦးအထိရှိလာ

သေဆုံးခဲ့တဲ့ ချင်းတိုင်းရင်းသားတွေထဲမှာ အမျိုးသမီး ၇ ဦး၊ ၁၈ နှစ်အောက် ကလေးငယ် ၁၄ ဦး အပါအဝင် အရပ်သား ၅၇ ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ၅၁ ဦး တို့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ချင်းတိုင်းရင်းသားသေဆုံးသူဦးရေ ၁၀၈ ဦးအထိရှိလာပြီလို့ ချင်းရေးရာအဖွဲ့ချုပ်က ဒီနေ့ (ဩဂုတ် ၃၁ ရက်)မှာ ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ်ပစ်မှတ်ထားခြင်း၊ အပြစ်မဲ့ပြည်သူများ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေး သူငယ်တွေအပေါ် တိုက်ခိုက် သတ်ဖြတ်ခြင်းတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားတွေအပေါ် လက်နက် ကြီး၊ လက်နက် ငယ်သုံးကာ တိုက်ခိုက်ခြင်းတွေကနေ ရှောင်ကြဉ်ဖို့ ချင်းရေးရာအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

အဲဒီလို ချင်းတိုင်းရင်းသားတွေအပေါ် အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထားစစ်ဆင်ရေးဆောင်ရွက်နေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်စေဖို့ နိုင်ငံ တကာအသိုင်းအဝိုင်းအနေနဲ့ ကြားဝင်ဆောင်ရွက်နိုင်တဲ့ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း ချင်းရေး ရာအဖွဲ့ချုပ်က ထပ်မံတောင်းဆိုပါတယ်။

သေဆုံးခဲ့တဲ့ ချင်းတိုင်းရင်းသားတွေထဲမှာ အမျိုးသမီး ၇ ဦး၊ ၁၈ နှစ်အောက် ကလေးငယ် ၁၄ ဦး အပါအဝင် အရပ်သား ၅၇ ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ၅၁ ဦး တို့ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထဲမှာ စစ်ကောင်စီတပ်က အလောင်းကို သက်သေဖျောက်ကာ မိသားစုထံပြန်မပေးတာကြောင့် လူ့ဂုဏ်သိက္ခာနဲ့အညီ၊ ချင်းရိုးရာဓလေ့ ထုံးတမ်း၊ ခရစ်ယာန်ဓလေ့ထုံးတမ်းများနဲ့ အညီ သဂြိုလ်ခွင့်မရတဲ့ အရပ်သား ၇ ဦးပါဝင်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။