Connect with us

Hi, what are you looking for?

သတင်း

မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျောင်းဆရာမတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

“ဆရာမက ကျောင်းမှာစာသင်ပြီးအပြန် လက်နက်ကြီးထိတာ။ သူ့ အဖြစ်ဆိုးကို သူ့တပည့်လေးတွေလည်း မြင်လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ကျည်ထိမှန်သေဆုံးခဲ့သည့် ကျောင်းဆရာမ၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်၊ ဓာတ်ပုံ - CJ)
(ကျည်ထိမှန်သေဆုံးခဲ့သည့် ကျောင်းဆရာမ၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်၊ ဓာတ်ပုံ - CJ)

အရပ်သား ၁၀ဦးထက်မနည်းဒဏ်ရာရဟု ဒေသခံများပြော

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယနေ့ညနေပိုင်းက ကျေးရွာများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၀ဦးထက်မနည်းဒဏ်ရာရပြီး ကျောင်းဆရာမတစ်ဦးအပါအဝင်နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော ယာဥ်တစ်စီးသည် ‌မင်းပြားနှင့်မြေပုံမြို့ကြား တံတားတစ်စင်းအနီးတွင် ယနေ့(အောက်တိုဘာ ၁၇ရက်) နေ့လည် ၁နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

စစ်‌ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA)က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု မြို့ခံအချို့က ပြောသည်။

ထို့နောက် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် (၃၇၉၊ ၃၈၀၊ ၅၄၁) တပ်ရင်းအပြင် ၎င်းတို့တပ်စွဲထားသည့် တောင်ကုန်းပေါ်များမှနေ၍ စစ်ကောင်စီက လက်နက်ကြီးဖြင့် လူနေကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျားရဲပြင်၊ ဗူးပင်ကျေးရွာနဲ့ ဖလောင်းပြင်ရွာဖက်ကို ရမ်းသမ်းပစ်နေတာ။ လက်နက်ကြီးကျည်ထိလို့ ၁၀ယောက်‌ထက်မနည်း ဒဏ်ရာရထားတယ်။ ။ အမျိုးသမီးတစ်ယောက်က ဆေးရုံကိုပို့ရင်းလမ်းမှာဆုံးသွားတယ်။ ဆရာမတစ်ယောက်ကတော့ ပွဲချင်းပြီးသေဆုံးတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူနှစ်ဦးမှာ မင်းပြားမြို့နယ်၊ မလောင်းပြင်ကျေးရွာမှ အသက် (၂၃)နှစ်အရွယ် မလှဆန်းယာဉ်နှင့် ထောင့်ချောက်ကြီးကျေးရွာမှ အသက် (၄၉)နှစ်အရွယ် ကျောင်းဆရာမ ဒေါ်မ‌မြစောဖြစ်သည်။

“ဆရာမက ကျောင်းမှာစာသင်ပြီးအပြန် လက်နက်ကြီးထိတာ။ သူ့ အဖြစ်ဆိုးကို သူ့တပည့်လေးတွေလည်း မြင်လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးပေ။ AAကလည်း သတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။