Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးဖြင့်ပစ်၍ ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

အဆိုပါ တိုက်ခိုက်မှုအား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်း ၊ Federal Wings Drone အဖွဲ့၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)၏ ရောင်နီတပ်ခွဲဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေသို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များကို ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်ခဲ့ရာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၆)နယ်မြေ၊ လူခို့ ညောင်ချောင်းနေရာအား စစ်ကောင်စီတပ်က ကျူးကျော် အခြေပြုရန် ကြိုးစားလျက်ရှိရာ ယမန်နေ့ညသန်းခေါင်ယံတွင် စစ်ကောင်စီတပ်များက အတွဲလိုက်ဒုံးစနစ် MLRS ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများဖြင့်ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခလရ(၂၀၇) မှ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်မြေပြင်သတင်းကို ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုအား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်း ၊ Federal Wings Drone အဖွဲ့၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)၏ ရောင်နီတပ်ခွဲဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ယမန်နေ့ညပိုင်းတိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်များသည် မြ၀တီ – ဝေါ်လေလမ်းအနီးတဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။ ယမန်နေ့က ဖြစ်ပွားခဲ့သည်တိုက်ပွဲတွင် ကော်ဘရာစစ်သည်များ၏ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်က ဗျူဟာမှူးအဆင့်ရှိဗိုလ်မှူးကြီးတစ်ဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်