Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားများ ပြည်သူထံမှခိုးယူထားသည့် အဖိုးတန်ပစ္စည်များကို ချင်းတပ်ဖွဲ့ သိမ်းဆည်းရရှိ

စစ်ကောင်စီတပ်သားများအနေဖြင့် ထန်တလန် မြို့တွင်း နေအိမ်များနှင့် စျေးဆိုင်များအားဖောက်ထွင်းလုယက် ခိုးယူထားသည့် ပစ္စည်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်ဝတ်ရတနာများနှင့် လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Chin Journal
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်ဝတ်ရတနာများနှင့် လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ် ထန်တလန်မြို့နှင့် သီတာကျေးရွာအကြားဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကပြည်သူများထံမှ ခိုးယူထားသည့် အဖိုးတန်ပစ္စည်းများကို ထန်တလန်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)တပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့သည်ဟု The Chin Journalက ယနေ့ ဖော်ပြသည်။

အောက်တိုဘာ ၁၉ရက်ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ခိုးယူထားသည့် ချင်းရိုးရာ ဆွဲကြိုးနှင့် အဖိုးတန်ပစ္စည်းများကို ထန်တလန် CDF ကွန်မန်ဒိုတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများသည် ထန်တလန်မှ စစ်ကူလာသော စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ထန်တလန် မြို့တွင်း နေအိမ်များနှင့် စျေးဆိုင်များအားဖောက်ထွင်းလုယက် ခိုးယူထားသည့် ပစ္စည်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

ဟားခါးမြို့ နှင့် ထန်တလန်မြို့အကြား၊ ဟားခါးမြို့နှင့်အနီး၊ သီတာကျေးရွာနီး တို့တွင် ချင်းပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၁၃ရက်မှစ၍ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့ ရာ စစ်ကောင်စီတပ်က ၂၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀ကျော်ဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ထားသည်။ ထန်တလန်မှ စစ်ကူလာသည့် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်ကိုလည်း ပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့၍ လေကြောင်းမှ စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်ကလည်း ကရင်ပြည်နယ် မြ၀တီ – ဝေါ်လေလမ်းအနီး တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်များ အထိနာပြီး ဆုတ်ခွာထွက်ပြေးစဉ် ကျန်ရစ်ခဲ့သည့် ခြင်းကျား အတွင်းမှ ခဲယမ်း၊ ကျည်များအပြင် ပြည်သူလူထုထံမှ ခိုးယူလုယက်ထားသည့် ပစ္စည်းများကို တွေ့ရှိခဲ့ရသည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။