Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်တွင် KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

“လုံဂျာတောင်ပတ်ဝန်းကျင်မှာ ရှမ်းရွာတွေရှိတယ်။ စစ်ကောင်စီက တိုက်လေယာဉ်လေးစင်းနဲ့ လာပစ်လို့ ရွာသားတွေ ထွက်ပြေးနေရတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

(နံနက်ခင်းတစ်ခုတွင် ဆုတောင်းနေကြသော ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသမှ KIA စစ်သားများ၊ ဓာတ်ပုံ - EPA)
(နံနက်ခင်းတစ်ခုတွင် ဆုတောင်းနေကြသော ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသမှ KIA စစ်သားများ၊ ဓာတ်ပုံ - EPA)

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့နှင့် နှစ်မိုင်ခန့်ဝေးသော လုံဂျာတောင်ပတ်ဝန်းကျင်တွင် ယနေ့(အောက်တိုဘာ ၂၁ ရက်) နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြေပြင် တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာကြောင်း သတင်းများထွက်ပေါ်‌ပြီးနောက် ညနေ ၃နာရီခန့်မှစတင်၍ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည်ဟု မြို့ခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“လုံဂျာတောင်ပတ်ဝန်းကျင်မှာ ရှမ်းရွာတွေရှိတယ်။ စစ်ကောင်စီက တိုက်လေယာဉ်လေးစင်းနဲ့ လာပစ်လို့ ရွာသားတွေ ထွက်ပြေးနေရတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

လုံဂျာတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ယနေ့ညနေပိုင်းတွင် တိုက်ပွဲငြိမ်သက်နေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။