Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်အတိုင်းဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စု ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး

ယနေ့(အောက်တိုဘာ ၂၃ ရက်)က ရေယာဥ်ခုနစ် စီးပါ စစ်ကောင်စီတပ်သည် ကသာမြို့နယ်၊မိုးတားလေးကျေးရွာမှ အထက်သို့ ဆန်တက်လာစဥ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

ဧရာဝတီမြစ်အတိုင်းဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စု ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၂၃ ရက်)က ရေယာဥ်ခုနစ် စီးပါ စစ်ကောင်စီတပ်သည် ကသာမြို့နယ်၊မိုးတားလေးကျေးရွာမှ အထက်သို့ ဆန်တက်လာစဥ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

ဧရာဝတီမြစ်အတိုင်းဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စု ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး
ဧရာဝတီမြစ်အတိုင်းဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စု ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး

“ကလေးမလေးက စခတွေပစ်တဲ့ လက်နက်ကြီးကျည်စမှန်ဆုံးတာ။ကသာမြို့နယ်ထဲက ဆင်ကုန်တိုင်ရွာမှာ”ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီသင်္ဘောအုပ်စုသည် ဆန်တက် ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးဆုံးရှုံးခြင်း၊အပြစ်မဲ့ပြည်သူများသေဆုံးခြင်းဖြစ်ပေါ်ခဲ့သဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်အား မှတ်တမ်းတင်ထားရှိပြီး ထိရောက် စွာအရေးယူနိုင်ရေး ဆောင် ရွက်သွားမည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကတိပြုသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီမြစ်အတိုင်းဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စု ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး
ဧရာဝတီမြစ်အတိုင်းဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်အုပ်စု ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး

“အကြမ်းဖက်အဖွဲ့အစည်း စစ်ကောင်စီရဲ့ ရိက္ခာသင်္ဘောတွေရဲ့ လုံခြုရေး အခြေအနေကတော့ အံ့မခန်းပါပဲ။ မြေပြင်ရော ဝေဟင်ရော ပြည်သူတွေကို ဒုက္ခကောင်းကောင်းပေးနိုင်တာမို့ ပြည်သူများ သတိရှိကြပါ”ဟု Myohla K-PDF ကလည်း သတိပေးသည်။

ထို့အပြင် စစ်ကောင်စီရေယာဥ်အုပ်စုမှာ ရွှေကူ မြို့နယ်အတွင်းသို့ ရောက်ရှိနေပြီဟု အဆိုပါ တပ်ဖွဲ့က ဆိုသည်။

မြေပြင်ရှိ ပြည်သူ့တပ်ဖွဲ့များ၏ ပြောဆိုချက်အရ စစ်ကောင်စီရေယာဥ်အုပ်စုသည် ဗန်းမော်ဆိပ်ကမ်းသို့ ဦးတည်နေပြီး လက်နက်၊ခဲယမ်း ရိက္ခာများပါရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။