Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်ရှိKIA တပ်မဟာ၉တွင် KIO နှစ်ပတ်လည်အကြိုပွဲပြုလုပ်စဥ်စစ်​ကောင်စီတပ်က​လေယာဥ်ဖြင့် ဗုံးလာကြဲ

ကံစီးဒေသခံတစ်ဦးကလည်း “ပွဲကျင်းပနေတုန်း ဗုံးလာကြဲတာ။ ပွဲအပေါ်ကိုတည့်တည့်ကျတယ်လို့ သိရတယ်။ဝမ်းနည်းစရာကောင်းတယ်”ဟု ပြောသည်။

(စစ်​ကောင်စီတပ်မှ တိုက်​လေယာဥ် ၂စီး ၂၀၁၉ ခုနှစ်ကမိတ္ထီလာ​လေတပ်တွင် စစ်​ရေး​လေ့ကျင့်စဥ်။ ဓါတ်ပုံ-စစ်​တပ်)
(စစ်​ကောင်စီတပ်မှ တိုက်​လေယာဥ် ၂စီး ၂၀၁၉ ခုနှစ်ကမိတ္ထီလာ​လေတပ်တွင် စစ်​ရေး​လေ့ကျင့်စဥ်။ ဓါတ်ပုံ-စစ်​တပ်)

ကချင်အနုပညာရှင်အချို့အပါအဝင်ထိခိုက်ကျဆုံးမှုများဟု​ ဒေသခံအချို့​ပြော

ကေအိုင်အေ တပ်မဟာ ၉ တွင် KIO အထိမ်းအမှတ်နေ့ပွဲ အကြိုကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ လာ​ရောက်တိုက်ခိုက်ခဲ့သဖြင့်ကချင်တိုင်းရင်းသားအနုပညာရှင်အချို့အပါအဝင်ပြည်သူများထိခိုက်​​သေဆုံးမှုမျာကြောင်း KIA နှင့် နီးစပ်သူအချို့ကPeople’s Springသို့ပြောသည်။

​အောက်တိုဘာ ၂၅ ရက်တွင်ကျ​ရောက်မည့် ၆၂ နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO )၏နှစ်ပါတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အကြိုပွဲကို KIA တပ်မဟာ ၉ အခြေစိုက်သည့် ဖားကန့်မြို့နယ် ကံစီးကျေးရွာအနီးတွင်ယမန်နေ့(အောက်တိုဘာ ၂၃ရက်)ညက ကျင်းပနေစဉ် စစ်ကောင်စီတပ်က ဂျက်တိုက်​လေယာဉ်သုံးစင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။​ ​သေဆုံးသူများတွင် ဝါရင့်ကချင်တေးသံရှင်အော်ရာလီ ပါဝင်ခဲ့ပြီးသေဆုံးဒဏ်ရာရသူအ​ရေအတွက်ကိုမူ People’s Spring ကအတည်မပြုနိုင်သေးပါ။

စစ်ကောင်စီတပ်က ဗုံးကြဲြဲက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ပြည်သူ ၃၀ ကျော်ရှိပြီးထိုထဲတွင် ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီပါဝင်ခဲ့ပြီး ကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန်လည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရကြောင်း ကချင်ပြည်နယ်အ‌ခြေစိုက်သတင်းဌာန Kachin News Group က ဖော်ပြထားသည်။

“တိုက်လေယာဉ်တွေက နမခကနေ လာတာလို့ သိရတယ်။ ဒါဟာ တမင်ကို ယုတ်ယုတ်ကမ်းကမ်း ပြုမူလိုက်တာပဲ။ သေဆုံးတဲ့အထဲမှာ ကချင်အနပညာရှင်အချို့ပါတယ်။ ကေအိုင်အေက အရာရှိအချို့ပါတယ်လို့ ‌ကြားပေမယ့် ဒီဟာကို အသေးစိတ်မပြောလိုပါဘူး”ဟု ထိခိုက်သေဆုံးသူအချို့၏ မိတ်ဆွေတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကံစီးဒေသခံတစ်ဦးကလည်း “ပွဲကျင်းပနေတုန်း ဗုံးလာကြဲတာ။ ပွဲအပေါ်ကိုတည့်တည့်ကျတယ်လို့ သိရတယ်။ဝမ်းနည်းစရာကောင်းတယ်”ဟု ပြောသည်။

ကေအိုင်အေပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူအား ယနေ့ နံနက် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။