Connect with us

Hi, what are you looking for?

သတင်း

ကမာကြည် အမှတ် ၂ တံတားပေါ်ကနေ အမျိုးသမီးငယ် ၁ ဦးခုန်ချ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်နဲ့ သာကေတမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတားပေါ်ကနေအမျိုးသား ၁ ဦးခုန်ချပြီးသေဆုံးသွားပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက် ၊ Khaquarter charity organization
ဓာတ်ပုံ − လူမှုကွန်ရက် ၊ Khaquarter charity organization

တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်း ကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတား အမှတ် (၂) ပေါ်ကနေ ဒီနေ့မနက်ပိုင်းက အမျိုးသမီးငယ် ၁ ဦး ခုန်ချသွားတယ်လို့ သိရပါတယ်။

အသက် ၂၀ ခန့်အမျိုးသမီးငယ် တံတားပေါ်က ခုန်ချသွားတာကို သတင်းပေးပို့လာလို့သွားရောက် ရှာဖွေခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် (ခ )ရပ်ကွက်အခြေပြု လူမှုရေးအသင်းကလည်း အသိပေးထားပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက် ၊ Khaquarter charity organization
ဓာတ်ပုံ − လူမှုကွန်ရက် ၊ Khaquarter charity organization

လူမှုကွန်ရက်မှာ တက်လာတဲ့ ပုံတွေအရ တံတားလူသွားပလက်ဖောင်းပေါ်မှာ အမျိုးသမီးကိုင် စလင်းဘတ်အမဲရောင် ၁ လုံး ၊ ပိုက်ဆံအချို့ ၊ မိတ်ဆက်လိပ်စာကတ်အချို့ ၊ တယ်လီဖုန်း နဲ့ နားကြပ်ဗူးတို့ကို ချန်သွားတာတွေ့ရပါတယ်။

ခုန်ချသွားတဲ့အမျိုးသမီးငယ်ကို အခုချိန်ထိရှာဖွေနေတုန်းလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်နဲ့ သာကေတမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတားပေါ်ကနေအမျိုးသား ၁ ဦးခုန်ချပြီးသေဆုံးသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။