Connect with us

Hi, what are you looking for?

News

NLD ပါတီရဲ့လေးထပ်ကွမ်း လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်ကို စစ်ကောင်စီဖမ်းဆီး

ဒေါ်ခင်စန်းလှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ၊ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူပါ။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လေးထပ်ကွမ်း လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရန်ကုန်မှာ ဖမ်းဆီးသွားတယ်လို့ ပါတီဝင်အချို့ှဆီကသိရပါတယ်။

ဒေါ်ခင်စန်းလှိုင်ကို ရန်ကုန်က နေအိမ်တအိမ်မှာ သြဂုတ် ၃၁ ရက် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့တာပါ။

ဒေါ်ခင်စန်းလှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ၊ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူပါ။

အဲဒီပုလဲမဲဆန္ဒနယ်မှာပဲ ပြီးခဲ့တဲ့ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲ ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာလည်း အနိုင်ရခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာတော့ စစ်ကိုင်းတိုင်း ၊ဝက်လက်မဲဆန္ဒနယ်ကနေ NLD ပါတီကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရာမှာ ရွေးချယ်ခံရသူလည်းဖြစ်ခဲ့ပါတယ်။

ဒါကြောင့်NLD ပါတီရဲ့ လေးထပ်ကွမ်းလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီးနိုင်ငံရေးနယ်ပယ်ထဲ မဝင်မီက ရှေ့နေအဖြစ် အသက်မွေးခဲ့သူပါ။

၁၉၉၀ အထွေထွေရွေးကောက်ပွဲအပြီးမှာတော့ ဒေါ်ခင်စန်းလှိုင်ဟာ စင်ပြိုင်အစိုးရထောင်ဖို့ ကြိုးပမ်းတယ်ဆိုကာ စစ်အစိုးရက နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။