Connect with us

Hi, what are you looking for?

LuduNwayOo

News

NLD ပါတီရဲ့လေးထပ်ကွမ်း လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်ကို စစ်ကောင်စီဖမ်းဆီး

ဒေါ်ခင်စန်းလှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ၊ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူပါ။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လေးထပ်ကွမ်း လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရန်ကုန်မှာ ဖမ်းဆီးသွားတယ်လို့ ပါတီဝင်အချို့ှဆီကသိရပါတယ်။

ဒေါ်ခင်စန်းလှိုင်ကို ရန်ကုန်က နေအိမ်တအိမ်မှာ သြဂုတ် ၃၁ ရက် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့တာပါ။

ဒေါ်ခင်စန်းလှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ၊ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူပါ။

အဲဒီပုလဲမဲဆန္ဒနယ်မှာပဲ ပြီးခဲ့တဲ့ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲ ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာလည်း အနိုင်ရခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာတော့ စစ်ကိုင်းတိုင်း ၊ဝက်လက်မဲဆန္ဒနယ်ကနေ NLD ပါတီကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရာမှာ ရွေးချယ်ခံရသူလည်းဖြစ်ခဲ့ပါတယ်။

ဒါကြောင့်NLD ပါတီရဲ့ လေးထပ်ကွမ်းလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီးနိုင်ငံရေးနယ်ပယ်ထဲ မဝင်မီက ရှေ့နေအဖြစ် အသက်မွေးခဲ့သူပါ။

၁၉၉၀ အထွေထွေရွေးကောက်ပွဲအပြီးမှာတော့ ဒေါ်ခင်စန်းလှိုင်ဟာ စင်ပြိုင်အစိုးရထောင်ဖို့ ကြိုးပမ်းတယ်ဆိုကာ စစ်အစိုးရက နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။