Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

နယ်ထိန်းရဲ သန့်ဇော်ဦးသည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ပန်ကန်းရပ်ကွက်အတွင်းမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ
လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

နယ်ထိန်းရဲ သန့်ဇော်ဦးသည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ပန်ကန်းရပ်ကွက်အတွင်းမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ဆိုင်ကယ်မောင်းလာရင်း ပစ်ခံရတာ။ကျည်တွေက ရင်ဘတ်ဖောက်ဝင်ပြီ ပစ်ခံရတဲ့နေရာမှာတင် ​သေနေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သူကလုပ်ဆောင်ခဲ့သည်ကို မရှိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သို့သော် လွိုင်ကော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများသည် အရပ်ဝတ်များဖြင့် နေ့စဥ် ကင်းလှည့်နေပြီး ၎င်းတို့မသင်္ကာပါက စစ်ဆေးမေးမြန်း၍ ရိုက်နှက်ခံရသူများရှိကြောင်း အထက်ပါဒေသခံက အသိပေးသည်။

ထို့အပြင် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားဟန်ဆောင်၍ ကင်း ထောက်ခြင်းနှင့် ကင်းပုန်းဝပ်၍ စောင့်ဆိုင်းဖမ်းဆီးမှုများရှိနေကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။