Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

နယ်ထိန်းရဲ သန့်ဇော်ဦးသည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ပန်ကန်းရပ်ကွက်အတွင်းမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ
လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

နယ်ထိန်းရဲ သန့်ဇော်ဦးသည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ပန်ကန်းရပ်ကွက်အတွင်းမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ဆိုင်ကယ်မောင်းလာရင်း ပစ်ခံရတာ။ကျည်တွေက ရင်ဘတ်ဖောက်ဝင်ပြီ ပစ်ခံရတဲ့နေရာမှာတင် ​သေနေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သူကလုပ်ဆောင်ခဲ့သည်ကို မရှိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သို့သော် လွိုင်ကော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများသည် အရပ်ဝတ်များဖြင့် နေ့စဥ် ကင်းလှည့်နေပြီး ၎င်းတို့မသင်္ကာပါက စစ်ဆေးမေးမြန်း၍ ရိုက်နှက်ခံရသူများရှိကြောင်း အထက်ပါဒေသခံက အသိပေးသည်။

ထို့အပြင် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားဟန်ဆောင်၍ ကင်း ထောက်ခြင်းနှင့် ကင်းပုန်းဝပ်၍ စောင့်ဆိုင်းဖမ်းဆီးမှုများရှိနေကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

နိုဝင်ဘာအတွင်းကလည်း မတ္တရာနယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုများကာ ပြည်သူအချို့လည်း ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည်။

သတင်း

နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးတွင် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF က အသိပေးထားသည်။

သတင်း

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ(၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ - အမှတ် ၇)၊ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂)တို့ရှိ သည်။