Connect with us

Hi, what are you looking for?

သတင်း

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အာမခံချက်ရှိသည့်လူမှုအသိုက်အမြုံကို နွေဦးတော်လှန်ရေးနှင့်အတူယှဉ်တွဲတည်ဆောက်ရန် ယာယီသမ္မတ တိုက်တွန်း

ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နေ့ အခမ်းအနား ယာယီသမ္မတက အမှာစကား ပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အာမခံချက်ရှိသည့်လူမှုအသိုက်အမြုံကို နွေဦးတော်လှန်ရေးနှင့်အတူယှဉ်တွဲတည်ဆောက်ရန် ယာယီသမ္မတ တိုက်တွန်း
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အာမခံချက်ရှိသည့်လူမှုအသိုက်အမြုံကို နွေဦးတော်လှန်ရေးနှင့်အတူယှဉ်တွဲတည်ဆောက်ရန် ယာယီသမ္မတ တိုက်တွန်း

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်များကို အာမခံချက်ရှိစွာ တည်ဆောက်ပေးနိုင်မည့် လူမူအသိုက်အမြုံတစ် ခု အေးချမ်းတည်ငြိမ်စွာ ဖြစ်ထွန်းပေါ်ပေါက်လာရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ထိုသို့ ဖြစ်ထွန်းပေါ်ပေါက်လာရန် လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ ယှဉ်တွဲတည်ဆောက်ကြရန် လိုအပ်သည်ဟု ယာယီသမ္မတက တိုက်တွန်းသည်။

ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နေ့ အခမ်းအနား ယာယီသမ္မတက အမှာစကား ပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်သည် အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လွတ်လပ်မှုသည် လူသားအားလုံး၏ အခြေခံရပိုင်ခွင့် ဖြစ်ကြောင်း၊ လွတ်လပ် စွာ ကိုးကွယ်ယုံကြည်ခွင့်ကလည်း နိုင်ငံသားအားလုံး၊ ပြည်သူလူထုအားလုံး၏ အခြေခံနိုင်ငံသားအခွင့်အရေးဖြစ်ကြောင်း ယုံကြည်လက်ခံထားသည် ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ ပဒေသာစုံ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။ လွတ်လပ်စွာ အမြင်သဘောထားကွဲလွဲခွင့်ကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်း ဖြစ်မှသာလျှင် မတူညီသော အမှတ်သရုပ်တွေကို ပြည်ထောင်စုစနစ်/ ဖက်ဒရယ်စနစ်နဲ့ စုစုစည်းစည်း တည်ဆောက်ရာမှာ ဘေးထွက်ဆိုးကျိုး နည်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော် တို့ဟာ မတူတိုင်း ကွဲပြားစရာ မလိုပါဘူး။ ကွဲပြားတိုင်းလည်း ရန်ဖြစ်စရာ မလိုဘူးလို့ ခံယူမိပါတယ်။ မတူကွဲပြားခြင်းမှာ အလှတရား ရှိတယ်၊ စုံလင်များပြားခြင်းမှာ အလှတရားရှိတယ်လို့ ကျွန်တော့်အနေနဲ့ ခံယူပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ အခြေခံလူ့အခွင့်အရေး တစ်ရပ်ဖြစ်သလို၊ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးတစ်ခုလည်း ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

လက်ခံထားသည့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်သည် မတူကွဲပြားသော လူအုပ်စု အချင်းချင်းအကြား အပြန်အလှန် လေးစားမှုရှိသည့် ကိုယ်ချင်းစာ တရားရှိသည့် အမူအကျင့်များနှင့် ပူးတွဲတည်ရှိရမည်ဟုယူဆကြောင်း ယာယီသမ္မတက ပြောသည်။

“အပြန်အလှန် လေးစားမှုမရှိတဲ့ လွတ်လပ်ခြင်းတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ လွတ်လပ်မှုတွေဟာ လူ့အဖွဲ့အစည်းကို ဘေးဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင့် လွတ်လပ်ခွင့်နဲ့အတူ ယှဉ်တွဲဖြစ်တည်ရမယ့် အခြေခံသဘောတရားတွေကိုလည်း မမေ့ကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံတင်ပြလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...