Connect with us

Hi, what are you looking for?

သတင်း

ခြိမ်း​ခြောက်မှုများကြားမှပြည်သူများမီးပိတ်သပိတ်ပါဝင်ဆင်နွှဲ

ထို့အပြင် ည၉ နာရီခန့်တွင် မန္တလးကျုံးအရှေ့ဘက်ရှိ အမှတ်၁ရဲစခန်းဝန်းကျင်၌ သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း ​မြို့ခံများက ပြောသည်။

ခြိမ်း​ခြောက်မှုများကြားမှပြည်သူများမီးပိတ်သပိတ်ပါဝင်ဆင်နွှဲ
ခြိမ်း​ခြောက်မှုများကြားမှပြည်သူများမီးပိတ်သပိတ်ပါဝင်ဆင်နွှဲ

▪︎မုံရွာ၊မန္တ​လေးတွင်မီးပိတ်သပိတ်ပြုလုပ်​သောပြည်သူများကိုစစ်​ကောင်စီတပ်ကပစ်ခတ်ခြောက်လှန့်

မုံရွာ၊ မန္တ​လေး၊ ရန်ကုန် စသည့်မြို့များတွင် စစ်​ကောင်စီကခြိမ်း​ခြောက်​နေသည့်ကြားမှ ပြည်သူများကမီးပိတ်သပိတ်ပါဝင်ဆင်နွှဲခဲ့ကြပြီး မုံရွာနှင့်မန္တ​လေးတွင် ပြည်သူလူထုအား စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်ခြောက်လှန့်မှုပြုလုပ်ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်၏ ဖားကန့်မြို့နယ် အနန့်ပါ​ဒေသတွင် ဂီတ​ဖျော်​ဖြေ​ပွဲပြုလုပ်​နေစဥ်လေကြောင်းတိုက်ခိုက်မှု​ကြောင့်လူ ၁၀၀ကျော်​သေဆုံး၊ဒဏ်ရာရရှိခဲ့မှုအတွက်ဝမ်းနည်း​ကြောင်း

ယနေ့(အောက်တိုဘာလ ၂၈ ရက်နေ့ ) ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းပြုလုပ်ခဲ့သည်။ မန္တလေးနှင့်မုံရွာမြို့များတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မန္တ​လေးမြို့တွင်စစ်ကောင်စီတပ်က ကားများဖြင့်လှည့်လည်ကြည့်ရှုခြင်းများ ပြုလုပ်သွားသည်ဟုဒေသခံတို့ကပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က ဒရုန်းနဲ့တောင်ပတ်ကြည့်သွားသေးတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ည၉ နာရီခန့်တွင် မန္တလးကျုံးအရှေ့ဘက်ရှိ အမှတ်၁ရဲစခန်းဝန်းကျင်၌ သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း ​မြို့ခံများက ပြောသည်။

မီးသပိတ်ပြီးနောက် မိနစ်နှစ်ဆယ်ခန့်အကြာည ၉ နာရီခန့်တွင် မီးပျက်သွားခဲ့ကြောင်း၊ ထို့နောက်စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့်ပတ်နေပြီး ဆဲဆိုမှုများလည်း ပြုလုပ်နေကြောင်းမန္တ​လေးမြို့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

မြို့ရှိပြည်သူအများစု မီးပိတ်သပိတ်တွင်ပါဝင်ဆင်နွှဲခဲ့​သော မုံရွာမြို့တွင်လည်း စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

“မီးပိတ်တဲ့အိမ်တွေကို ပစ်တယ်လို့ကြားတယ်။ ရပ်ကွက်တွေထဲလည်း ပတ်ကြည့်တာတဲ့ မီးပိတ်ရင်ပစ်တာတဲ့။ စစ်ကောင်စီဟာ ပြည်သူလူထု သူတို့ဘက်မရှိဘူးဆိုတာကို သိတယ်၊ အဒါကြောင့် သွေးပျက်နေကြတာ။ အကြောက်တရား၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေလို့တာ ပြည်သူတွေ ခံနေကြရတာ။ လက်နက်သာ မရှိရင် ဒီကောင်တွေ နေစရာတောင်ရှိမှာမဟုတ်ဘူး။”ဟု မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ကိုသန်းကျော်ဦးက ပြောသည်။

စစ်​ကောင်စီ၏ ခြိမ်း​ခြောက်မှုများ​ကြောင့် ရန်ကုန်မြို့တွင် တစ်မြို့လုံးမဟုတ်​သော်လည်း ပြည်သူများကတက်အားသ​ရွေ့ပါဝင်ဆင်နွှဲခဲ့ကြ​ကြောင်း​ဒေသခံများက​ပြောသည်။

မီးပိတ်သပိတ် ပါဝင်ဆင်နွှဲ​မည့်ပြည်သူများကို ဖိအား​ပေးရန် စစ်​ကောင်စီတပ်က ယ​နေ့ညတွင် ရန်ကုန်မြို့တွင်း၌ လှည့်ကင်းကားများပိုမို သွားလာနေသည်ကို ‌တွေ့ရသည်။

“ရပ်ကွက်ရုံးမှာရောက်နေတယ်ကြားတယ်။ မီးပိတ်တဲ့သူတွေတော့ ပိတ်ထားတာပဲ။ လမ်းထဲကိုတော့ ဝင်မလာသေးဘူး” ဟု လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

ရွှေပြည်သာ ဒေါပုံ စသည့် မြို့နယ်များ၌ လျှပ်စစ်မီးပြတ်နေသောကြောင့် မီးပိတ်သပိတ်တွင် ပါဝင်ရန် ပြင်ဆင်စရာပင်မလိုကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က မျှဝေထားသည်။

“မီးပျက်ဖူးသမျှထဲမှာ ဒီတခါမီးပျက်တာ အပျော်ဆုံးပဲ EPC is CDM right now”ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားသည်။

(မုံရွာနှင့် ရန်ကုန်ရှိ​နေရာအချို့တွင်ပြည်သူများ မီးပိတ်သပိတ်ပါဝင်ဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CK/မုံရွာသပိတ်ဦး​ဆောင်​ကော်မတီ ၊စမ်း​ချောင်ပင်မသပိတ်စစ်​ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။