Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်

လတ်တလောတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားနေကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်
အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ရွာသာယာကျေးရွာတွင် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သင်တန်းဆင်းဖြစ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ရိုက်နှက်သတ်ဖြတ်သွားကြောင်း Indaw Revolutionက ဖော်ပြသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၃၀ရက် နံနက်ပိုင်းက အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသာယာရွာရှိ လူငယ်တစ်ဦးကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ရွသာယာရွာမှ အထွက်တွင်လည်း လူငယ်တစ်သီးအား ထပ်မံဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဖော်ပြထားသည်။

“အခု အဲဒီ ကလေးက ပကဖသင်တန်းဆင်းပေါ့။ အဲဒီ ကျေးရွာစစ်ကြောင်းဝင်လာတဲ့အခါ စစ်ကြောင်းနဲ့ တိုးပြီး သူ့ကိုစစ်လိုက်တာ။ သူ့ဖုန်းထဲမှာ သင်တန်းဆင်းထားတဲ့ ပုံတွေတွေ့တယ်လို့ပြောတယ်။ တွေ့တော့ ရိုက်စစ်တာပေါ့။ ရိုက်စစ်ပြီး ညမှာ ရွာသာယာရဲ့ ကားလမ်းဘေးမှာ ပစ်ထားလိုက်တာ။ မနက်ရောက်တော့ ရွာသားတွေ သွားကြည့်တော့အသက်ကမရှိတော့ဘူး” ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

နောက်ထပ် ဖမ်းဆီးသွားသည့် လူငယ်တစ်ဦးကိုမူ ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားနေကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

“‌ွေးတွေ စစ်ကြောင်းလာလို့ရှိရင် ပြည်သူတွေ ဂရုစိုက်ကြဖို့ပေါ့ နောက်ပြီး သူတို့ စစ်ကြောင်းလာရင် ရှောင်တိမ်းကြဖို့ သတင်းနားစွန့်ဖို့ ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။