Connect with us

Hi, what are you looking for?

သတင်း

ဟန်လင်းပျူမြို့ဟောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်အကြောင်းမဲ့ပစ်ခတ်နေ

ယခုလက်ရှိ အောက်တိုဘာလအတွင်း ဝက်လက် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ကျ၍ ပျက်စီးသွားသော ငါးပိအိုးရွာရှိ နေအိမ်နှစ်လုံး၊ ဓာတ်ပုံ-Cj
လက်နက်ကြီးကျည်ကျ၍ ပျက်စီးသွားသော ငါးပိအိုးရွာရှိ နေအိမ်နှစ်လုံး၊ ဓာတ်ပုံ-Cj

▪️လက်နက်ကြီးကျည်ကျ၍ ငါးပိအိုးရွာနေအိမ် နှစ်လုံးမီးလောင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ် က တိုက်ပွဲဖြစ်မဖြစ်ဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ငါးပိအိုးကျေးရွာရှိနေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်)က ဟန်လင်းပျူမြို့ဟောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေဘိုမြို့နယ်၊ ငါးပိအိုးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပြီးနေအိမ် နှစ်လုံးမီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဟန်လင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် ဝက်လက်အရှေ့ခြမ်းရှိ ကျေးရွာ ၁၀ရွာခန့်မှ လူဦးရေ ၉,ooo ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထွက်ပြေးလာသည်မှာ ရက်တစ်ပတ်ခန့်ကြာပြီဖြစ်၍ စားနပ်ရိက္ခါများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“အခုလောလောဆယ် စားနပ်ရိက္ခာ လိုတယ်။ PDF တွေက ဝေနေတာလည်းရှိတယ်။ တိုက်ပွဲတော့ထပ်မဖြစ်ဘူး။ ညပိုင်း ၄၀ မမတွေနဲ့ ပစ်ခတ်တာတော့ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်ကျ၍ ပျက်စီးသွားသော ငါးပိအိုးရွာရှိ နေအိမ်နှစ်လုံး၊ ဓာတ်ပုံ-Cj
လက်နက်ကြီးကျည်ကျ၍ ပျက်စီးသွားသော ငါးပိအိုးရွာရှိ နေအိမ်နှစ်လုံး၊ ဓာတ်ပုံ-Cj

အဆိုပါ စစ်ကောင်စီတပ်များသည် ညပိုင်း၌ (၄၀) မမများဖြင့် အကြောင်းမဲ့ပစ်ခတ်လေ့ရှိကြောင်း၊ ထိုစစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များကလည်း မကြာခဏလာရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယခုလက်ရှိ အောက်တိုဘာလအတွင်း ဝက်လက် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ငါးပိအိုးရွာကို ယခုနှစ် ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ရွာသားနှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။