Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟန်လင်းပျူမြို့ဟောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်အကြောင်းမဲ့ပစ်ခတ်နေ

ယခုလက်ရှိ အောက်တိုဘာလအတွင်း ဝက်လက် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ကျ၍ ပျက်စီးသွားသော ငါးပိအိုးရွာရှိ နေအိမ်နှစ်လုံး၊ ဓာတ်ပုံ-Cj
လက်နက်ကြီးကျည်ကျ၍ ပျက်စီးသွားသော ငါးပိအိုးရွာရှိ နေအိမ်နှစ်လုံး၊ ဓာတ်ပုံ-Cj

▪️လက်နက်ကြီးကျည်ကျ၍ ငါးပိအိုးရွာနေအိမ် နှစ်လုံးမီးလောင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ် က တိုက်ပွဲဖြစ်မဖြစ်ဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ငါးပိအိုးကျေးရွာရှိနေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်)က ဟန်လင်းပျူမြို့ဟောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေဘိုမြို့နယ်၊ ငါးပိအိုးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပြီးနေအိမ် နှစ်လုံးမီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဟန်လင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် ဝက်လက်အရှေ့ခြမ်းရှိ ကျေးရွာ ၁၀ရွာခန့်မှ လူဦးရေ ၉,ooo ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထွက်ပြေးလာသည်မှာ ရက်တစ်ပတ်ခန့်ကြာပြီဖြစ်၍ စားနပ်ရိက္ခါများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“အခုလောလောဆယ် စားနပ်ရိက္ခာ လိုတယ်။ PDF တွေက ဝေနေတာလည်းရှိတယ်။ တိုက်ပွဲတော့ထပ်မဖြစ်ဘူး။ ညပိုင်း ၄၀ မမတွေနဲ့ ပစ်ခတ်တာတော့ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်ကျ၍ ပျက်စီးသွားသော ငါးပိအိုးရွာရှိ နေအိမ်နှစ်လုံး၊ ဓာတ်ပုံ-Cj
လက်နက်ကြီးကျည်ကျ၍ ပျက်စီးသွားသော ငါးပိအိုးရွာရှိ နေအိမ်နှစ်လုံး၊ ဓာတ်ပုံ-Cj

အဆိုပါ စစ်ကောင်စီတပ်များသည် ညပိုင်း၌ (၄၀) မမများဖြင့် အကြောင်းမဲ့ပစ်ခတ်လေ့ရှိကြောင်း၊ ထိုစစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များကလည်း မကြာခဏလာရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယခုလက်ရှိ အောက်တိုဘာလအတွင်း ဝက်လက် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ငါးပိအိုးရွာကို ယခုနှစ် ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ရွာသားနှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။