Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အခွန်ပေးဆောင်ကြရန် မြို့နယ်(ပအဖ) ထုတ်ပြန်

လက်ရှိ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြားကာလအခွန်ကောက်ခံရေးပေါင်း စပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ညွှန်ကြားမှုနှင့်အတူ ဖွဲ့စည်း ထားသည်ဟု ဆိုသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အခွန်ပေးဆောင်ကြရန် မြို့နယ်(ပအဖ) ထုတ်ပြန်
စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အခွန်ပေးဆောင်ကြရန် မြို့နယ်(ပအဖ) ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ခွန်၊အခွန် အကောက်၊ဒဏ်ကြေးနှင့်လိုင်စင်ကြေးများကို

ကြားကာလအခွန် ကောက်ခံရေးပေါင်းစပ်ညှိ နှိုင်းရေးအဖွဲ့သို့ ပေးဆောင်ကြရန် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၁ ရက်) တွင် ထုတ်ပြန်သည်။

ယခုကြေညာချက်သည် စစ်ကိုင်းမြို့နယ်အား ရေကြောင်း၊ကုန်ကြောင်းနှင့် မီးရထားလမ်းအသုံးပြု၍ ဖြတ်သန်းသွားလာ အသုံးပြုကြမည့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးနှင့် သက်ဆိုင်ကြောင်းလည်း ဖော်ပြသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အခွန်ပေးဆောင်ကြရန် မြို့နယ်(ပအဖ) ထုတ်ပြန်
စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အခွန်ပေးဆောင်ကြရန် မြို့နယ်(ပအဖ) ထုတ်ပြန်

ထို့​ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ်တွင် ကောက်ခံသည့် ကြိုတင်ခွန်၊အခွန်အကောက်၊ ဒဏ်ကြေးနှင့် လိုင်စင်ကြေးများကို ပေးဆောင် ရန်နှင့် ပေးဆောင်ရသောအခွန်အခများအတွက် ပြေစာ စာရွက်ပြန်လည်တောင်းခံကြရန်လည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“အဆုံးသတ်တိုက်ပွဲအတွက် ခရာကတော့ မှုတ် လိုက်ပါပြီ။တော်လှန်ရေးကြီးအောင်တဲ့တစ်နေ့မှာ တာဝန်ကျေခဲ့တဲ့လုပ်ငန်းရှင် ပြည်သူတစ်ယောက်အဖြစ် ခေါင်းမော့ရင်ကော့နိုင်ဖို့ NUG အစိုးရမှာ အခွန်ဆောင်ပါ။ငါတစ်ယောက်မဆောင်လိုက်လို့ ဘာမှမဖြစ်ဘူးလို့ မတွေးပါနဲ့။တစ်ယောက် အခွန်မဆောင်လိုက်ရင် တော်လှန်ရေးအောင်ပွဲဟာ တစ်ရက်ဝေးသွားနိုင်ပါတယ်။ကိုယ် ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေကြေးတွေကို ဓမ္မဘက်ကို စီးဆင်းပါစေ”ဟု စစ်ကိုင်းမြို့နယ် (ပအဖ)က ပြောသည်။

လက်ရှိ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြားကာလအခွန်ကောက်ခံရေးပေါင်း စပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ညွှန်ကြားမှုနှင့်အတူ ဖွဲ့စည်း ထားသည်ဟု ဆိုသည်။

ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်ရာ တွင်အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်း ဆိုင်ရာမူဝါဒကို NUGက ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ထို့အပြင် အခွန်ကောက်ခံရရှိမှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းမှာ ပြည်ထောင်စုအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိရမည်ဟု ဖော်ပြသည်။

ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၃၀ ရာခိုင်နှုန်းနှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ၄၀ ရာခိုင်နှုန်းဖြင့် စီမံခန့်ခွဲခွင့်ရရှိမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

ဆောင်းပါး

“လူတွေ စီးပွားပျက်ပြီး သူတောင်းစားဖြစ်မယ့်အတိုးက မတ်တိုးပဲ”

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။