Connect with us

Hi, what are you looking for?

သတင်း

Jummer ကားသုံးစီးဖြင့် မိုင်းရှာနေသော စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးသွားသည့် အလောင်းများအား ကားပေါ်တင် ဆောင်သွားပြီး အရေအတွက်များသည်ဟု ၎င်းက ဆိုသည်။

(Jummer ကားသုံးစီးနှင့် စစ်ကောင်စီတပ်ကို Monywa Peregrine PDFနှင့်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့စဥ်)
(Jummer ကားသုံးစီးနှင့် စစ်ကောင်စီတပ်ကို Monywa Peregrine PDFနှင့်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့စဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် Jummer ကားသုံးစီးဖြင့် မိုင်းရှာနေသော စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်များကြောင်း AREA 71 Defense Force Monywa အဖွဲ့ခေါင်းဆောင် ကိုထွန်းက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၂ ရက်) နံနက် ၁၁ နာရီ ၃၉ မိနစ်ခန့်က မုံရွာမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ၏ Jummer ကား သုံးစီးသည် မုံရွာ-ချောင်းဦးလမ်းပိုင်း တောင်ပုံကျေးရွာနှင့် ပုရစ်ကုန်းမြောက်ရွာကြား၌ ကား၏ဘေးဝဲယာတွင် မိုင်းရှာနေစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း AREA 71 Defense Force Monywa အဖွဲ့ခေါင်းဆောင် ကိုထွန်းက ပြောသည်။

“မျက်မြင်ပြည်သူများ၏ ပြောပြချက်အရ စခ ၆ ကောင်မှာ လမ်းဘေးသို့လွင့်စင်သွားပြီး ခဏအကြာတွင် လူနာတင်ကားတစ်စီး ရောက်ရှိလာပြီး ဒဏ်ရာရသူစခများနှင့် ထိခိုက်သေဆုံးသည်ဟုထင်ရသည့် စခများအား တင်ဆောင်သွားကြောင်း သိရပါတယ်။”ဟု AREA 71 Defense Force Monywa အဖွဲ့ခေါင်းဆောင် ကိုထွန်းက ပြောသည်။

Public Service Announcement
Public Service Announcement

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးသွားသည့် အလောင်းများအား ကားပေါ်တင် ဆောင်သွားပြီး အရေအတွက်များသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား AREA 71 Defense Force Monywa၊ Farmers Revolution Force-CHU၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ မဟာမိတ် သုံးဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ကြောင်း အသိပေးထားသည်။

Jummer ကားသုံးစီးနှင့် စစ်ကောင်စီတပ်များအား အခြားအဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။